
ရန်ကုန် ဇူလိုင် ၃၁
ဂျပန်ကုမ္ပဏီ ၄၀၀ ကျော်က မြန်မာ လုပ်သား ၁၃၀၀ ကျော် ခေါ်ယူမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာသံရုံး အနေဖြင့် Demand Letter များကို ဂျပန် ကုမ္ပဏီများထံမှ ပြန်ကြားစာ လက်ခံရရှိသည့် ရက်စွဲအလိုက် အစဉ်အတိုင်း စိစစ်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ် ဇွန် ၁၇ ရက်အထိ လက်ခံရရှိ၍ စိစစ်ပြီးစီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်း စာ ၄၁၅ ခုနှင့် ပတ်သက်သည့် အချက်အလက်များကို ထုတ်ပြန် ထားခြင်းဖြစ်သည်။
အဆိုပါ အချက်အလက်များ အရ ဂျပန်ကုမ္ပဏီ ၄၀၀ ကျော်က မြန်မာလုပ်သားအမျိုးသား ၄၆၀ ကျော်၊ အမျိုးသမီး ၈၇၀ခေါ်ယူမည် ဖြစ်ကြောင်း သိရသည်။ မြန်မာ သံရုံးအနေဖြင့် အလုပ်သမားဝန်ကြီး ဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့်အလုပ် ကမ်းလှမ်းစာ ( Demand Letter) များကို စိစစ်ဆောင်ရွက်ပေးလျက် ရှိရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမား ကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ် ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများ သည် ဂျပန်နိုင်ငံတွင် တရားဝင် တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထား များစိစစ်ပြီး စိစစ်တွေ့ရှိချက် များ၊ သဘောထားမှတ်ချက်များ ကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် အလုပ်သမားဝန်ကြီးဌာန သို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။
MT