
နေပြည်တော် ဇူလိုင် ၃၁
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ နိုင်ငံတော် အတွက် လက်ငင်းဦးစားပေး ဆောင်ရွက်နေသည့် လုပ်ငန်း များ သတ်မှတ်ကာလအတွင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီး ဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်း အတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက် ကြပြီး တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ကြသည်။
ရာနှုန်းပြည့်နီးပါး ဆောင်ရွက်နိုင်ခဲ့
အစည်းအဝေးတွင် ပြည် ထောင်စုဝန်ကြီးက ဝန်ကြီးဌာန အနေဖြင့် အသက် ၁၈ နှစ်ပြည့် နိုင်ငံသားအားလုံး ကိုင်ဆောင် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင် မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံ ချက် အဆင့် (၁) နှင့် (၂) တို့ဖြင့် အခက်အခဲ အမျိုးမျိုးကြားက တိုင်းဒေသကြီး/ပြည်နယ်အလိုက် သတ်မှတ်ကာလများ အတွင်း လျာထားချက်များကို ရာနှုန်းပြည့် နီးပါး ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယခု ပန်းခင်းအဆင့် (၃) အဖြစ် ယာယီရွှေ့ပြောင်းနေထိုင်သူများ နှင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် တွင် အသက် ၁၈ နှစ်ပြည့်လာမည့်သူ စုစုပေါင်း (၂ ဒသမ ၁) သန်းကျော် တို့အတွက် နိုင်ငံသားကတ်ပြားထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း၊ ပန်းခင်းစီမံ ချက်အဆင့် (၃) ဆောင်ရွက်ရာ တွင်လည်း နိုင်ငံသားကတ်ပြား ထုတ်ပေးသူများကို e-ID စနစ် အတွက် Biographic / Biometric ကို တစ်ပါတည်း စိစစ်ကောက်ယူ ကာ ဂဏန်း (၁၀) လုံးပါသည့် Unique ID နံပါတ်များ ထုတ်ပေး ရေးဆောင်ရွက်ပေးသကဲ့သို့ ယခင် နိုင်ငံသားကတ်ပြားရှိပြီးသူများကိုလည်း ၎င်းတို့၏ Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးခြင်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း။
ဝန်ကြီးဌာနအနေဖြင့် e-ID Dtaabase ရှိ စာရင်းများကို အခြေခံ၍ မဲစာရင်းပြုစုရာတွင် အခြေခံအသုံးပြုရန် အသက် ၁၈ နှစ်နှင့်အထက် မဲစာရင်းများပြုစု ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကိုတင်ပြပြီး ခွင့်ပြုချက် ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ တတိယအကြိမ် ပေးပို့ခဲ့ပြီးဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် အသက် ၁၈ နှစ်ပြည့်လာမည့် မဲပေးပိုင် ခွင့်ရှိသူစာရင်းကို တွက်ချက် အတည်ပြု၍ သတ်မှတ်ကာလများ အတိုင်း တင်ပြနိုင်ရေး ဆောင်ရွက် ကြရန်ဖြစ်ကြောင်း။
သန်းခေါင်စာရင်း ကောက်ယူ ရာတွင် လက်ရှိအခြေအနေအရ လုံခြုံရေးနှင့် လမ်းပမ်းဆက်သွယ် ရေး ခက်ခဲသည့်ဒေသများအတွက် စာရင်းကောက်ယူမည့် ကာလ တိုးမြှင့်ကောက်ယူနိုင်ရေးအတွက် လည်း ကြိုတင်မျှော်တွေးဆောင် ရွက်ကြရန်နှင့် ဆောင်ရွက်မည့် အစီအမံအဆင့်ဆင့်ကို ကြိုတင် တင်ပြကြရန်လည်းလိုကြောင်း။
ပူးပေါင်းဆောင်ရွက်ရန်
လိုအပ်
မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ကိစ္စရပ်များ ဆောင်ရွက်ရာတွင် နိုင်ငံသားအရည်အချင်းမရှိသူများမပါရှိစေရေး၊ ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုးရှိသည့် နိုင်ငံသားများ ကိုသာဆင့်ခေါ်ရေး၊ နေရပ်လိပ်စာ မှန်ကန်စေရေးတို့အတွက် ဆက်စပ် ဌာနများနှင့် နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အတွက် အရေးကြီး သည့် လက်ငင်းဦးစားပေးလုပ်ငန်း များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သတ်မှတ် ကာလအတွင်း အောင်မြင်စွာပြီးစီး ရေးအတွက် အလေးထားကြိုးပမ်း ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ကို ဝန်ထမ်းအားလုံး သိရှိနားလည် ကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများက တိုင်း ဒေသကြီး/ ပြည်နယ် အလိုက် လက်ရှိအခြေအနေတွင် ပန်းခင်း စီမံချက်နှင့် e-ID စနစ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ မဲစာရင်း မှန်ကန်ရေးနှင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး တို့အတွက် လုပ်ငန်းများ ဆောင် ရွက်နေမှု၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာ လုပ်ငန်း အပေါ် ဌာနမှဆောင်ရွက်ပေးရမည့် အခြေအနေများ၊ လုပ်ငန်းလိုအပ် ချက်များကို လည်းကောင်း၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းများ ဆောင်ရွက်နေမှုများ အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေး မည့် အစီအစဉ်များကိုလည်း ကောင်း ရှင်းလင်းတင်ပြဆွေးနွေး ကြပြီး ဒုတိယဝန်ကြီးများက လိုအပ်ချက်များကို ဖြည့်စွက် တင်ပြကြသည်။
ကြိုးပမ်းဆောင်ရွက်
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ယခု လုပ်ငန်းစဉ်များသည် နိုင်ငံတော်၏ အနာဂတ်အတွက် အရေးကြီးသည့် လုပ်ငန်းစဉ်များ ဖြစ်ပြီး ဥပဒေလုပ်ထုံးလုပ်နည်းနှင့် ဆောင်ရွက်ကြရေးနှင့် နယ်မြေ ဒေသအခြေအနေနှင့် လုပ်ငန်း ဆိုင်ရာအခက်အခဲများအား အချိန် နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက် ရေး၊ လုပ်ငန်းများ သတ်မှတ်ကာလ အတွင်း ပြီးစီးအောင်မြင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြ ရန်မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်