ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၄/၂၀၂၄) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်ကြည့်ရှုအားပေး

 

နေပြည်တော်   ဩဂုတ်   ၁


ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ် (၄/၂၀၂၄) သို့  တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား  ဇူလိုင် ၃၁ ရက် နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း  စစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် ဝေလင်းနှင့်တာဝန်ရှိသူများက တိုင်းစစ်ဌာနချုပ်           တပ်နယ်အားကစားရုံ၌ သွားရောက်တွေ့ဆုံအားပေးသည်။


ထိုသို့တွေ့ဆုံရာတွင်          ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၄/၂၀၂၄)သို့    တက်ရောက် ကြမည့်          နိုင်ငံ့သားကောင်းရတနာများအား  တိုင်းဒေသကြီး    ဝန်ကြီးချုပ်နှင့်    တိုင်းမှူးတို့က ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားပြီး  ထောက်ပံ့ပစ္စည်းများပေးအပ်ကာ  လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်