
မန္တလေး ဩဂုတ် ၁
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယနေ့ညနေပိုင်းက ကျုံးအတွင်း ဧရာဝတီမြစ်ရေ ရယူ၍ ဖြည့်သွင်းနေမှုနှင့် ကမ်းနားလမ်း သာယာလှပရေး စီမံချက် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းလုပ်ငန်း ပြီးစီး မှု အခြေအနေတို့ကို လိုက်လံ ကြည့်ရှုကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီး ချုပ်သည် ကျုံးအတွင်း ဧရာဝတီ မြစ်ရေကို ဖြည့်သွင်းနေသည့် အောင်မြေသာစံမြို့နယ် လမ်း ၈၀ နှင့် ၁၂ လမ်းထောင့်သို့ ရောက်ရှိ ပြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်းနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရေနှင့် သန့်ရှင်းမှုဌာန၊ ဌာနမှူး ဦးထွန်းဝင်းတို့က ဧရာဝတီ မြစ်ရေစုပ်တင်ရေယူသည့် နေရာ မှ ကျုံးအထိ ပေ ၁၈၂၀ ရှိပြီး ၁၂ လက်မပိုက်ဖြင့် တစ်နေ့လျှင် နာရီ ၂၀ ဖြင့် ဂါလန် ၁၂ သိန်း၊ ရှစ်လက်မပိုက်ဖြင့် တစ်နေ့လျှင် နာရီ ၂၀ ဖြင့် ဂါလန် ရှစ်သိန်း စုစုပေါင်း တစ်နေ့လျှင် ဂါလန် နှစ်သန်းကို ဖြည့်သွင်းပေးနေမှု၊ စာတိုက်ကြီး ရေပေးဝေရေးဝင်း အတွင်း စက်ရေတွင်း ငါးတွင်းမှ တစ်နေ့လျှင် ဂါလန် လေးသန်းကို မကြာမီ ထပ်မံဖြည့်သွင်းပေးသွား မည့် အခြေအနေများကို လိုက်ပါ ရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆည်တော်ကြီးရေ မရရှိခြင်းကြောင့် မန္တလေး တူးမြောင်းမကြီးမှတစ်ဆင့် ကျုံး အတွင်းသို့ ရေဝင်ရောက်မှုမရှိသော် လည်း ကျုံးအတွင်းသို့ ရေပေးသွင်း ခြင်းနှင့် ကျုံးရေမှ ပြည်သူများသို့ သောက်သုံးရေပေးဝေခြင်းများကို ပုံမှန်အနေအထားသို့ ရောက်ရှိ အောင် အမြန်ဆုံး ဆောင်ရွက်သွား ကြရန်တို့ကို ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဧရာဝတီမြစ်ရေ ကို စုပ်တင်သည့် ရေယူနေရာသို့ လည်းကောင်း၊ အများပြည်သူ စိတ်အေးချမ်းသာစွာ အနားယူ အပန်းဖြေနိုင်ရန် မန္တလေးမြို့တော် ကမ်းနားလမ်း သာယာလှပရေး စီမံချက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် လုပ်ငန်းပြီးစီး မှုအခြေအနေများကို လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည် များအား ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်