
ရန်ကုန် ဩဂုတ် ၁
အင်ဒိုနီးရှားသမ္မတနိုင်ငံ ဒုတိယသမ္မတဟောင်း H.E.Mr.Hamzah Haz သည် ၂၀၂၄ ခုနှစ် ဇူလိုင် ၂၄ ရက်တွင် ကွယ်လွန်သွားခဲ့သည့် အတွက် ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်ထောင်စုရိပ်သာလမ်း အမှတ် (၁၀၀) ရှိ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံရုံး၌ ဖွင့်လှစ်ထားရှိ သော ဝမ်းနည်းခြင်းအထိမ်းအမှတ် မှတ်တမ်းစာအုပ်၌ နိုင်ငံခြားရေး ဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းသည် ယနေ့ မွန်းလွဲ ၃ နာရီတွင် ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုးသည်။
သတင်းစဉ်