မန္တလေးပြည်သူ့ဆေးရုံကြီး၌ ပြတ်တောက်သွားသော ညာလက်ညှိုးကို ပြန်လည်ဆက်ပေးသည့် ခွဲစိတ်ကုသမှုအောင်မြင်

 

နေပြည်တော်   ဩဂုတ်   ၁


စစ်ကိုင်းတိုင်းဒေသကြီး  စစ်ကိုင်း မြို့နယ်နေ အသက်(၂၉)နှစ်အရွယ် အမျိုးသားတစ်ဦးသည် မေ (၁၅) ရက် ညနေ (၄) နာရီခန့်တွင် မိမိ ကိုယ်တိုင်ဓားနှင့်    မတော်တဆ ထိခိုက်မိသောကြောင့် ညာဘက် လက်ညှိုး ပြတ်တောက်သွားသည့်  ဒဏ်ရာရရှိခဲ့ပြီး ၎င်းကို စစ်ကိုင်း မြို့ပြည်သူ့ဆေးရုံကြီးမှ မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ည(၈)နာရီ (၄၅)   မိနစ်တွင်    လွှဲပြောင်းပေး ခဲ့သည်။  


ခွဲစိတ်ကုသဆောင်ရွက်


အဆိုပါ       ပြတ်တောက်သွား သော လက်ညှိုးကို ပြန်လည်ဆက် ပေးသည့်ခွဲစိတ်မှုအား     မန္တလေး ပြည်သူ့ဆေးရုံကြီးရှိ     လက်ပိုင်း ဆိုင်ရာ     အထူးကုဆရာဝန်ကြီး များက ဆောင်ရွက်ပေးခဲ့ရာ မေ (၁၆) ရက် နံနက်  (၄) နာရီခွဲတွင် အောင်မြင်စွာ ပြီးစီးခဲ့သည်။


အောင်မြင်စွာဆောင်ရွက်နိုင်


မန္တလေး ပြည်သူ့ဆေးရုံကြီး သို့   လူနာရောက်ရှိလာသည်နှင့်  တစ်ပြိုင်တည်း အရေးပေါ်ကုသမှု ဌာနမှ ဆရာဝန်များ၊ သူနာပြုများ  နှင့် ကျန်းမာရေးဝန်ထမ်းများက  အရေးပေါ်ပြုစုကုသမှုပြုလုပ်ပြီး လိုအပ်သော      စမ်းသပ်စစ်ဆေးမှု များပြုလုပ်ခြင်းကို      အချိန်နှင့် တစ်ပြေးညီ    ပြုလုပ်ပေးခဲ့သည်။ မန္တလေး      ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ/ဌာနမှူး       ဒေါက်တာ စည်သူ၊    အထူးကုဆရာဝန်ကြီး (လက်ပိုင်းဆိုင်ရာ            ခွဲစိတ်)  ဒေါက်တာ  ဒယ်နီရယ်ကိုလေးနှင့်  အထူးကုဆရာဝန်ကြီး(လက်ပိုင်းဆိုင်ရာခွဲစိတ်) ဒေါက်တာဖြိုးဆွေ ဝင်းတင်တို့၏        ကြီးကြပ်မှုဖြင့် ဆေးလက်တွေ့ပါရဂူ     လက်ပိုင်း ဆိုင်ရာ    (ခွဲစိတ်)၊        ပထမနှစ် သင်တန်းသား ဒေါက်တာ ဇင်ကို ကိုဦး၊       လက်ထောက်ဆရာဝန် (အရိုး) ဦးဆောင်သော ခွဲစိတ်အဖွဲ့၊  ပါမောက္ခ/ဌာနမှူး      (မေ့ဆေး) ဒေါက်တာအေးအေးအေး၊ အထူးကု ဆရာဝန်   (မေ့ဆေး)   ဒေါက်တာ ခိုင်မျိုးသွယ်တို့     ဦးဆောင်သည့် မေ့ဆေးအထူးကု     ဆရာဝန်ကြီး များအဖွဲ့နှင့် သူနာပြုဆရာမကြီး ဒေါ်လွင်မာသူတို့  ပါဝင်သောအဖွဲ့ များပူးပေါင်း၍ ပြတ်တောက်သွား သော     ညာဘက်လက်ညှိုးကို ပြန်လည်ဆက်ပေးသည့်    ခွဲစိတ် ကုသမှု (Replantation of index finger) ကို အောင်မြင်စွာ ဆောင် ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။


ဆေးရုံဆင်းခွင့်ပြု


လူနာ၏လက်မှာ    ခွဲစိတ်ပြီး ချိန်မှစတင်၍    သွေးကြောများ ဖြည်းဖြည်းချင်းပြန်လည်   လှည့် ပတ်စီးလာပြီး လက်အခြေအနေ မှာ ကောင်းမွန်သဖြင့်  ဇွန်  (၂၄)ရက်တွင်          ဆေးရုံဆင်းခွင့်ပြု ခဲ့သည်။


အဆိုပါ လက်ပြတ်သွားသည့်  လူနာကဲ့သို့    ပြတ်တောက်သွား သည့်   လက်ကို     ခွဲစိတ်ကုသမှု ဆောင်ရွက်ရန်အတွက်     မန္တလေး ပြည်သူ့ဆေးရုံကြီးသို့  လွှဲပြောင်း ပေးပို့မည်ဆိုပါက   ပြတ်တောက် သွားသော လက်ကို ရေသန့်သန့် သို့မဟုတ်      အကြောဆေးရည် (Normal   Saline   or    Ringer  Lactate)  ဖြင့်  ဆေးပြီး အကြော ဆေးရည်ဖြင့်    စိုစွတ်အောင်စိမ် ထားသော ခွဲစိတ်ခန်းသုံးအဝတ်စ (Gauze) ဖြင့်ပတ်၍ သန့်ရှင်းသော  ပလတ်စတစ်အိတ်သို့မဟုတ် ဘူးထဲသို့ထည့်၍  လည်းကောင်း၊ အကြောဆေးရည်      ထည့်ထား သော သန့်ရှင်းသော ပလတ်စတစ် အိတ် သို့မဟုတ် ဘူးထဲသို့ထည့်၍ လည်းကောင်း၊     လုံခြုံစွာပိတ်ပြီး ရေခဲထည့်ထားသော        ရေခဲပုံး အတွင်း ထည့်၍ (၆) နာရီအတွင်း လွှဲပြောင်းပေးပို့နိုင်ပါက     လူနာ အတွက်         အကျိုးရှိစေမည်ဖြစ် ကြောင်း သိရသည်။  

သတင်းစဉ်