၂၀၂၄ ခုနှစ် ဩဂုတ်လ (ပထမ)ဆယ်ရက်ပတ်အတွက် စိုက်ပျိုးရေးမိုးလေဝသခန့်မှန်းချက်

 

ဘင်္ဂလားပင်လယ်အော်အခြေအနေ
ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။  အနောက်တောင်မုတ်သုံလေသည်  ကပ္ပလီ ပင်လယ်ပြင်နှင့်  ဘင်္ဂလားပင်လယ်အော်တို့တွင် အားအသင့်အတင့်    ရှိနိုင်သည်။
 မိုးရွာသွန်းနိုင်မှုအခြေအနေ
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲ အောက် လျော့နည်းနိုင်ကာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊   ချင်း ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင်  ရွာသွန်းမြဲခန့်   မိုးထစ်ချုန်း ရွာနိုင်သည်။
အမြင့်ဆုံးအပူချိန်အခြေအနေ
ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် ၇၁ ဒီဂရီ ဖာရင်ဟိုက်မှ ၈၀ ဒီဂရီဖာရင်ဟိုက်အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊   ကချင်ပြည်နယ်၊    ရှမ်း ပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်  ၈၁ ဒီဂရီဖာရင်ဟိုက်မှ ၉၀ ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ၉၁ ဒီဂရီဖာရင်ဟိုက်မှ ၁၀၀ ဒီဂရီဖာရင်ဟိုက်အတွင်း   အသီးသီး ရှိနိုင်သည်။
အနိမ့်ဆုံးအပူချိန်အခြေအနေ
 ချင်းပြည်နယ်တွင် ၅၅ ဒီဂရီဖာရင်ဟိုက်၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ၆၅ ဒီဂရီ ဖာရင်ဟိုက်မှ ၇၄ ဒီဂရီဖာရင်ဟိုက်အတွင်းနှင့် နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီး၊  မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၇၅ ဒီဂရီ ဖာရင်ဟိုက်မှ ၈၄ ဒီဂရီဖာရင်ဟိုက်အတွင်း အသီးသီးရှိနိုင်သည်။
လေထုစိုထိုင်းဆအခြေအနေ
စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသ ကြီးတို့တွင်  ၆၆ရာခိုင်နှုန်းမှ ၇၇ ရာခိုင်နှုန်းအတွင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့် မြောက်ပိုင်း)နှင့် ကယား ပြည်နယ်တို့တွင် ၇၈ ရာခိုင်နှုန်းမှ ၈၈ ရာခိုင်နှုန်းအတွင်းနှင့် ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊  ချင်းပြည်နယ်၊  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင် ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၈၉ ရာခိုင်နှုန်းမှ ၉၈ ရာခိုင်နှုန်းအတွင်း အသီးသီးရှိနိုင်ပါသည်။  
ပင်ငွေ့ရေငွေ့ပြန်နှုန်းအခြေအနေ
ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၁၅ မီလီမီတာ)မှ (၂၆ မီလီမီတာ)အတွင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မကွေးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် မြောက်ပိုင်း) တို့တွင် (၂၇ မီလီမီတာ)မှ (၃၈ မီလီမီတာ)အတွင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်းနှင့်    မန္တလေးတိုင်းဒေသကြီးတို့တွင်   (၃၉ မီလီမီတာ)မှ (၅၀ မီလီမီတာ)အတွင်း အသီးသီးရှိနိုင်သည်။
မြေဆီလွှာအောင်းရေအခြေအနေ
 နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊   ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊  ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (ပြည့်ဝ)အခြေအနေ၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်းတွင် (စိုစွတ်)အခြေအနေနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး တို့တွင် (ခြောက်သွေ့) အခြေအနေ အသီးသီးရှိနိုင်သည်။    မိုး/ဇလ