
ပါရီအိုလံပစ် ၂၀၂၄ အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်မှ နယူးဇီလန်နှင့် ပြင်သစ် အသင်းပွဲစဉ်ကို ဩဂုတ် ၁ ရက် နံနက် ၁ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့ရာ ပြင်သစ်အသင်းက အကြိတ် အနယ်ကစားပြီး နှစ်ဂိုး-တစ်ဂိုး ဖြင့် နိုင်ပွဲရရှိခဲ့သည်။
ပြင်သစ်အသင်းသည် အဆိုပါ နိုင်ပွဲကြောင့် အုပ်စု (က) တွင် သုံးပွဲကစား နှစ်ပွဲနိုင် တစ်ပွဲရှုံး ရမှတ် ခြောက်မှတ်နှင့်အတူ အုပ်စုပထမဖြင့် နောက်တစ်ဆင့် သို့ တက်လှမ်းနိုင်ခဲ့သည်။ ပြိုင်ဘက် နယူးဇီလန် အသင်းက သုံးပွဲကစားပြီး သုံးပွဲစလုံး ရှုံးနိမ့်ထားသည့် အတွက် ရမှတ်ရယူထားနိုင်ခြင်းမရှိဘဲ အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပြီဖြစ်သည်။
အဆိုပါ အုပ်စုတွင် ခြောက်မှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံထားရသော ကနေဒါအသင်းသည် အုပ်စု နောက်ဆုံးပွဲစဉ်တွင် ပြိုင်ဘက် ကိုလံဘီယာအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် နိုင်ပွဲရရှိခဲ့သည့်အတွက် အုပ်စု ဒုတိယဖြင့် နောက်တစ်ဆင့် သို့ တက်လှမ်းနိုင်ခဲ့သည်။
ပါရီအိုလံပစ် ၂၀၂၄ အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ်မှ အခြားသော ပွဲစဉ်ရလဒ်များ တွင် ဂျာမနီက ဇမ်ဘီယာကို လေးဂိုး - တစ်ဂိုး၊ အမေရိကန်က ဩစတြေးလျကို နှစ်ဂိုး-တစ်ဂိုး၊ ဂျပန်က နိုင်ဂျီးရီးယားကို သုံးဂိုး-တစ်ဂိုး၊ စပိန်က ဘရာဇီးကို နှစ်ဂိုး - ဂိုးမရှိဖြင့် အသီးသီး နိုင်ပွဲရရှိခဲ့သည်။
အုပ်စု နောက်ဆုံးပွဲစဉ်များ ပြီးဆုံးချိန်တွင် ပါရီအိုလံပစ် ၂၀၂၄ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်သို့ အုပ်စု(က)မှ ပြင်သစ်၊ ကနေဒါ၊ အုပ်စု (ခ) မှ အမေရိကန်၊ ဂျာမနီ၊ အုပ်စု (ဂ) မှ စပိန်၊ ဂျပန်အသင်းတို့ တက် လှမ်းနိုင်ခဲ့သည်။ ထို့ပြင် ကိုလံ ဘီယာနှင့် ဘရာဇီးအသင်းတို့သည် လည်း အကောင်းဆုံးအုပ်စု တတိယ ရရှိခဲ့သည့်အတွက် ကွာတား ဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။
ကွာတား ဖိုင်နယ်တွင် အမေရိကန်က ဂျပန်၊ စပိန်က ကိုလံဘီယာ၊ ကနေဒါက ဂျာမနီ၊ ပြင်သစ်က ဘရာဇီးအသင်းတို့ တွေ့ဆုံနေသည်။
အောင်ဇော်