
နေပြည်တော် ဩဂုတ် ၂
အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှု အရ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်း ကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင် ပြည်နယ်သို့ ပြန်လည်ထူထောင်ရေး ပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေး လျက်ရှိရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြည်လည်နေရာချထားရေး ဝန်ကြီး ဌာနမှ ပေးပို့သည့် ဆန် ၂၄ ပြည်အိတ် ၇၈၉၇ အိတ်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မှာယူသည့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်း များ အပါအဝင် စုစုပေါင်း ၄၀၄ ဒသမ ၇၅ တန်ကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ စစ်တွေ မြို့သို့ ရေယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ၂၀၂၃ခုနှစ် မေ ၁၆ ရက်မှစ၍ ယနေ့ အထိ တပ်မတော်စစ်ရေယာဉ်များအပါအဝင် ရေယာဉ် ၄၈ စင်းဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့်ကျန်းမာရေး ပစ္စည်း၊ လူသုံးကုန်နှင့်စားသောက်ကုန်များ ပါဝင်သော ကူညီ ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း ၇၀၂၃၀ ဒသမ ၁၁ တန်နှင့် ဒီဇယ် ၂၄၉၇၆၂ ဂါလန်၊ Octane 92 ၁၉၉၈၈၆ ဂါလန်တို့ကို ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်