
ရန်ကုန် ဩဂုတ် ၂
ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ငါးထပ် ကြီးဘုရားလမ်းရှိ ဖိုတိုလစ်သို ပုံနှိပ်စက်ရုံ၌ လုပ်ငန်းဆောင် ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး သည်။
ရှေးဦးစွာ ဖိုတိုလစ်သိုစက်ရုံ ဝင်းအတွင်း၌ ပုံနှိပ်ခြင်းလုပ်ငန်း နှင့် စာအုပ်ချုပ်လုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီးစာသင်ခန်း၊ အားကစားခန်းမနှင့် သိုလှောင် ခန်းအဖြစ် အသုံးပြုနိုင်ရန် ပြုပြင် ခြင်းလုပ်ငန်းများ ဆောင်ရွက်ထား ရှိမှုကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် ဖိုတိုလစ်သိုစက်ရုံ စက်ရုံမှူးက လုပ်ငန်းဆောင်ရွက် နေမှုများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြပြီး ပုံနှိပ်ရေးနှင့်ထုတ်ဝေ ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးကိုကိုနိုင်က ဖြည့်စွက် ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက ဆွေးနွေးမှာကြားရာ တွင် နိုင်ငံတော်ဝန်ကြီးချုပ်က စာအုပ်၊ စာပေကို အလေးထား တန်ဖိုးထားကြောင်း၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အနေဖြင့် ပြင်ပမှ စာအုပ်၊ စာစောင်များကို ပုံနှိပ်ထုတ်ဝေပေးလျက်ရှိပြီး ဌာန အနေဖြင့် အချိန်မီထုတ်လုပ်နိုင် ရေးနှင့် အရည်အသွေးကောင်းမွန် ရေးတို့ကို ဆက်လက်ဂရုပြုသွား ရန် လိုအပ်ကြောင်း၊ ပုံနှိပ်စက်ရုံ အတွင်း စက်ပစ္စည်းများ ကြံ့ခိုင်ရေး နှင့်ပစ္စည်းများ အလေအလွင့် မရှိ စေရေး အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ် ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကာ နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းစဉ်များ တွင် ဝိုင်းဝန်းလက်တွဲဆောင်ရွက် သွားကြရန် တိုက်တွန်းမှာကြား လိုကြောင်း ပြောကြားသည်။
၁၉၅၁ ခုနှစ်တွင် အဆိုပါ စက်ရုံမြေနေရာကို ငွေကျပ် ၁၀၂၀၁၈၀ ဖြင့် ဗဟိုပုံနှိပ်တိုက်က ဝယ်ယူခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် ဝန်ထမ်း ၉၀ ကျော်ဖြင့် ဗဟိုပုံနှိပ် တိုက်ခွဲ (ဖိုတိုလစ်သိုပုံနှိပ်တိုက်ခွဲ)အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၇၀ ပြည့်နှစ် မတ်လတွင် ပုံနှိပ် ရေးနှင့် စာအုပ်ထုတ်ဝေရေး ကော်ပိုရေးရှင်းအဖြစ် ဖွဲ့စည်းစဉ် ဖိုတိုလစ်သို ပုံနှိပ်စက်ရုံ ဟူ၍ ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် ဂျပန်နိုင်ငံ JICA အထောက်အပံ့ဖြင့် ကျောင်းသုံး ဖတ်စာအုပ်နှင့် ဗလာစာအုပ်ပုံနှိပ် လုပ်ငန်းစီမံချက်ကို ယန်းငွေ သန်းပေါင်း ၆၉၀ ဖြင့် စတင်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်