သထုံမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုလမ်းမပေါ်ရှိ တံတားတစ်စင်းအား KNLA အဖွဲ့မှ အကြမ်းဖက်မှုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

 

နေပြည်တော်    ဩဂုတ်   ၂
အကြမ်းဖက်   သမားများသည် နိုင်ငံ    တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြား စေရန်၊      ဒေသတွင်းကုန်စည် စီးဆင်းမှုရပ်တန့်စေပြီး    လူမှု စီးပွားဘဝ   ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့်    အများ ပြည်သူ    အသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများအား မိုင်းထောင် ဖောက်ခွဲခြင်း၊ ရုံးဌာနအဆောက် အဦများ၊  စာသင်ကျောင်းများ၊ အများပြည်သူ   နေထိုင်လျက် ရှိသော   နေအိမ်များအား မီးရှို့ ဖျက်ဆီးခြင်း၊ ကျေးရွာများအတွင်းတိုက်ပွဲများ    ဖော်ဆောင်ခြင်း၊  Drop Bomb များ  ကြဲချတိုက်ခိုက် ခြင်း စသည့် အကြမ်းဖက်လုပ်ရပ် များကို     နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေသည်ကို   ပြည်သူ လူထုအသိပင်ဖြစ်သည်။


ယနေ့နံနက် ၄ နာရီ ၁၅ မိနစ် ခန့်တွင် အများပြည်သူ အားထား အသုံးပြုလျက်ရှိသည့် မွန်ပြည် နယ်   သထုံမြို့နယ်   ရန်ကုန်-မော်လမြိုင်သွား  ပြည်ထောင်စု လမ်းမပေါ်ရှိ     မိုင်တိုင်အမှတ်၊ ၁၃၄/၄ နှင့် ၁၃၄/၅ ကြား၊ အရှည် ၁၀ ပေ၊ အကျယ် ပေ ၄၀၊ ခံနိုင် ဝန်တန် ၆၀ ရှိ သံကူကွန်ကရစ် အမျိုးအစား    တံတားအမှတ် (၃/၁၃၆)အား   KNLA  အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများ နှင့် PDF အမည်ခံ  အကြမ်းဖက် ပူးပေါင်းအဖွဲ့က    မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တံတား မှာ ၁၀၀ ရာခိုင်နှုန်း ပြိုကျပျက်စီး သွားခဲ့ပြီး  ယာဉ်ကြီး/ ယာဉ်ငယ် များ      ဖြတ်သန်းသွားလာမှု  ရပ်တန့်ခဲ့ရကြောင်း      သိရှိရ  သည်။


ထိုသို့ အကြမ်းဖက်သမားများ ၏ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့ရသည့် တံတား အား သက်ဆိုင်ရာ လမ်း/တံတား ဦးစီးဌာနမှ    ဝန်ထမ်းများနှင့် တာဝန်ရှိသူများက အများပြည်သူ များ ဖြတ်သန်းသွားလာနိုင်ရေး အတွက် ယာယီတံတားကို  အချိန် နှင့်တစ်ပြေးညီ ပြန်လည်ပြင်ဆင် မှုများ  ဆောင်ရွက်ခဲ့ရာ နံနက် ၉ နာရီမှစ၍    ယာဉ်များအားလုံး ပုံမှန်အတိုင်း ဖြတ်သန်းသွားလာ နိုင်ပြီဖြစ်သည်။


အကြမ်းဖက်သမားများ အနေ ဖြင့် အများပြည်သူသွားလာမှုနှင့် ကုန်စည်စီးဆင်းမှုကို   ထိခိုက် စေရန်၊  အထိတ်တလန့်ဖြစ်ပြီး ကြောက်ရွံ့လာစေရန်နှင့်  ဒေသ အတွင်း တည်ငြိမ်မှုပျက်ပြားစေရန်ရည်ရွယ်၍ စစ်ရေးနှင့်မသက် ဆိုင်သော အများပြည်သူအသုံးပြု လျက်ရှိသည့်   လမ်းတံတားများ အား ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းသည် စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်သည်။


 အကြမ်းဖက်သမားများသည် ၂၀၂၄  ခုနှစ်အတွင်း     ရန်ကုန်-မော်လမြိုင်သွား  ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ   လမ်းတံတား များအား  မိုင်းထောင်ဖောက်ခွဲမှု  ၆ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး ၎င်းတို့ ၏    အကြမ်းဖက်လုပ်ရပ်များ ကြောင့်  ထိခိုက်ပျက်စီးခဲ့ရသည့် လမ်းတံတားများအား လမ်းပန်း ဆက်သွယ်မှု   ပြတ်တောက်ခြင်း မရှိစေရေး    တာဝန်ရှိသူများက  ပြန်လည်        ပြင်ဆင်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။


ထိုသို့ ပြည်သူလူထု၏သွားလာ မှုနှင့်  ကုန်စည်စီးဆင်းမှုများကို ထိခိုက်အောင် လုပ်ဆောင်လျက်ရှိ သည့် အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ် သည့်  အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး (Counter-Terrorism Operation)  ကို   ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပျက်ဆီးခဲ့သည့် တံတားအား ပုံမှန် အတိုင်းပြန်လည်အသုံးပြုနိုင်ရေး သက်ဆိုင်ရာ    တာဝန်ရှိသူများ က  ပြင်ဆင်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်