စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်၊ ငဝန်မြစ် ရေကြီးမှုအခြေအနေ

 

နေပြည်တော်   ဩဂုတ်   ၂
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတိုင်းထွာချက်များအရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၅ ဒသမ ၁၀ ပေ (၁၀၇၀ စင်တီမီတာ) အထက်သို့ ငါးပေခန့် (၁၅၄ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။  အဆိုပါမြစ်ရေသည်   နောက်တစ်ရက်အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင်ပြီး  ယင်းမြို့၏   စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၂ ဒသမ ၉၇ ပေ (၇၀၀ စင်တီမီတာ) အထက်သို့ တစ်ပေခွဲကျော်ခန့် (၄၈ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၈ ဒသမ ၈၇ ပေ (၈၈၀ စင်တီမီတာ)အထက်သို့ နှစ်ပေခွဲခန့် (၇၃ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက် အတွင်း တစ်ပေခန့်ကျဆင်းလာနိုင်ပြီး  ယင်းမြို့၏   စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်သည်။
သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၄ ဒသမ ၆၁ ပေ (၇၅၀ စင်တီမီတာ) အထက်သို့ လေးပေခွဲခန့် (၁၃၁ စင်တီမီတာ)  ကျော်လွန်ရောက်ရှိနေသည်။    အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း သုံးလက်မခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့ ၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၃၈ ဒသမ  ၀၆ ပေ (၁၁၆၀ စင်တီမီတာ) အထက်သို့ တစ်ပေခန့် (၂၈ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက် တစ်ရက်အတွင်း   လေးလက်မခန့်   ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ငဝန်မြစ်ရေသည် သာပေါင်းမြို့တွင် ယင်းမြို့၏  စိုးရိမ်ရေမှတ် ၂၀ ဒသမ  ၃၄ ပေ    (၆၂၀ စင်တီမီတာ)  အထက်သို့    တစ်ပေခွဲခန့် (၄၄ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ပေဝက်ခန့်  ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ငဝန်မြစ်ရေသည်  ပုသိမ်မြို့တွင်  ယင်းမြို့၏ စိုးရိမ်ရေမှတ် ၁၁ ဒသမ  ၄၈ ပေ (၃၅၀ စင်တီမီတာ) အထက်သို့ ပေဝက်ကျော်ခန့် (၂၀ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက် တစ်ရက်အတွင်း   ဒီရေမြင့်တက်ချိန်တွင်   စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့် မြင့်တက်လာနိုင်သည်။
သို့ဖြစ်ပါ၍    ရွှေကျင်မြို့နယ်၊   ပဲခူးမြို့နယ်၊  ဘားအံမြို့နယ်၊ သာပေါင်းမြို့နယ်၊ ပုသိမ်မြို့နယ်၊  မဒေါက်မြို့နှင့် ငါးသိုင်းချောင်းမြို့ အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
  မိုး/ဇလ