
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
မြန်မာ့မီးရထားစက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာဌာန စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ
(နေပြည်တော်)နှင့် အမျိုးသားပြတိုက်(နေပြည်တော်) တို့အား သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော် ဩဂုတ် ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့မီးရထား စက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာ ဌာန စက်ခေါင်းသစ် တပ်ဆင် ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်) နှင့် အမျိုးသားပြတိုက် (နေပြည် တော်) သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်အား စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေး စက်ရုံ (နေပြည်တော်) တွင် ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒေါက်တာချာလီသန်း၊ ဦးမျိုးသန့်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး
ဗိုလ်ချုပ် စိုးမင်းနှင့် တာဝန်ရှိသူ များက ကြိုဆိုနှုတ်ဆက်ကြသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် စက်ခေါင်းသစ်တပ်ဆင် ထုတ်လုပ်ရေးစက်ရုံ (နေပြည် တော်) အတွင်း ဂျပန်နိုင်ငံမှဝယ်ယူ ထားရှိသည့် ရန်ကုန် - မန္တလေး လမ်းပိုင်းတွင် ပြေးဆွဲမည့် DEMU တွဲဆိုင်းများနှင့် မြန်မာနိုင်ငံမှ တည်ဆောက်ထားသည့် DEMU ရထားတွဲတို့အား လှည့်လည် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ များက လိုက်လံရှင်းလင်းတင်ပြမှု များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် စက်ရုံအစည်း အဝေးခန်းမတွင် ဒုတိယဝန်ကြီး ချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဒုတိယဝန်ကြီး ဦးအောင်မြိုင် တို့က စက်ရုံသမိုင်းအကျဉ်းနှင့် လုပ်ငန်းတာဝန်များ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၀ ရက် လာရောက်စစ်ဆေးစဉ် လမ်းညွှန် မှာကြားချက်များအပေါ် လိုက်နာ ဆောင်ရွက်လျက်ရှိမှုအခြေအနေ များ၊ မြစ်ငယ်စက်ရုံတွင် လူစီးတွဲ များအား DEMU အဖြစ် သုတေ သနပြုတည်ဆောက်ခြင်း လုပ်ငန်း အား အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု နှင့် နေပြည်တော်စက်ရုံ၌ အပြီး သတ်တည်ဆောက်ရန် လိုအပ် သည့် စက်အစိတ်အပိုင်းများ အလိုက် တည်ဆောက်မှုများကို ဆက်လက်တည်ဆောက် ဆောင် ရွက်လျက်ရှိမှု၊ DEMU ရထားတွဲ များတည်ဆောက်ရန် လိုအပ်သည့် ဘိုဂီများရရှိရေးအတွက် ဆောင် ရွက်လျက်ရှိမှု အခြေအနေများ အား Power Point ဖြင့် ရှင်းလင်း တင်ပြကြသည်။
အမြဲမပြတ်စစ်ဆေး
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က နိုင်ငံ၏သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် ရထား ပို့ဆောင်ရေးလုပ်ငန်းသည် နိုင်ငံ အတွက် များစွာအထောက်အကူ ပြုသည့် သယ်ယူပို့ဆောင်ရေး စနစ်ပင်ဖြစ်ကြောင်း၊ မီးရထား လမ်းများနှင့် မီးရထားစက်ခေါင်း တွဲများ၊ လူစီးတွဲများ ကြံ့ခိုင် ကောင်းမွန်ရေးအတွက် အမြဲ မပြတ် စစ်ဆေးပြုပြင်ဆောင်ရွက် နေရန်လိုကြောင်း၊ သုတေသန လုပ်ငန်းများနှင့်ပတ်သက်၍ နှစ်ပိုင်း ရှိပြီး မီးရထားတည်ဆောက်ရေး အပိုင်းနှင့် မီးရထားဘူတာများ စနစ်တကျရှိစေရေး၊ မီးရထား လမ်းဘေး ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပနေစေရေး၊ ရထားလမ်းမြေများကို စနစ် တကျ အကျိုးရှိစွာအသုံးချနိုင် ရေးနှင့် မီးရထားတွဲများ၊ ရထား လမ်းများနှင့်ပတ်သက်၍ နည်း ပညာများကို အမြဲမပြတ် လေ့လာနိုင်ရေး Research and Development လုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ မြန်မာ့မီးရထားကို တစ်ခေတ် ပြောင်းနိုင်ရန် ကြိုးစားကြရမည် ဖြစ်ကြောင်း၊ DEMU တွဲများကို ပြည်တွင်း၌ အောင်မြင်စွာ တည်ဆောက်နိုင်ရေး ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ နောင်အခါတွင် လျှပ်စစ်ရထားများ ပြေးဆွဲနိုင် သည်အထိ မျှော်မှန်းလုပ်ဆောင် နေရန် လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် လျှပ်စစ် ရထားလမ်းများအဖြစ် အဆင့် မြှင့်တင် တည်ဆောက်နိုင်ရေး ဘူတာများ၌ ပြင်ဆင်ရန်လိုအပ် သည့်အခြေအနေများ၊ ရထားလမ်း ခုံးကျော်တံတားများ ပြင်ဆင်ရန် လိုအပ်သည့် အခြေအနေများ ကို ကြိုတင်စဉ်းစားတွက်ချက် ဆောင်ရွက်ထားရန် လိုကြောင်း၊ ရန်ကုန် - ပြည် လမ်းပိုင်းနှင့် နေပြည်တော် - မန္တလေးလမ်းပိုင်း ကို ဦးစားပေးဆောင်ရွက်သွားရန် လိုကြောင်း၊ ရထားများပြေးဆွဲရာ တွင် ရထားအမျိုးအစားများ အလိုက် သတ်မှတ်ထားသည့် အမြန်နှုန်းများအတိုင်း ပြေးဆွဲနိုင် ရေး ရထားလမ်းများကြံ့ခိုင်နေစေရေးနှင့် အမြဲကောင်းမွန်နေစေရေး သတ်မှတ်ထားသည့် စံနှုန်းများ အတိုင်းဖြစ်အောင်ဆောင်ရွက်နေရန်လိုကြောင်း၊ ရထားပို့ဆောင် ရေးလုပ်ငန်းသည် နိုင်ငံအတွက် အမှန်တကယ် အကျိုးရှိသည့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းရပ် တစ်ခုဖြစ်ခြင်းကြောင့် ဦးစားပေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားကိုအသုံးပြု၍ ပို့ဆောင်မှု ကြောင့် လောင်စာဆီများသုံးစွဲရမှု သက်သာခြင်းနှင့် အချိန်ကုန်ကျမှု ကို လျော့နည်းစေခြင်း စသည့် အကျိုးကျေးဇူးများကိုရရှိမည်ဖြစ် ကြောင်း၊ နိုင်ငံအတွက် အဓိကကျ သည့်မီးရထားလမ်းများ၌ ကုန်စည် များ အမြဲမပြတ် ပြေးဆွဲနိုင်ရေး ဆောင်ရွက်နေရန် လိုကြောင်း၊ မြို့ပတ်ရထားများနှင့်ပတ်သက်၍ လည်း ရထားစီးခရီးသည်များ အဆင်ပြေချောမွေ့စွာဖြင့် သွားလာ နိုင်ရေး ဆောင်ရွက်ပေးရန်လို ကြောင်း၊ မီးရထားတွဲများ ကြံ့ခိုင် ရေးဆောင်ရွက်နေရန်နှင့် ရထား တွဲသစ်များကို ဆက်လက်တည် ဆောက် ဆောင်ရွက်သွားရန်လို ကြောင်း၊ မီးရထားမြေများကို လည်း အကျိုးရှိစွာဖြင့် အသုံးချ သွားရန်လိုကြောင်း၊ အလားတူ မီးရထားနှင့်ပတ်သက်၍ နိုင်ငံ တကာနှင့် ရင်ပေါင်တန်းနိုင်ရေး သုတေသနပြုဆောင်ရွက်နေရန်လိုကြောင်း၊ ပြည်သူများအနေဖြင့် အကုန်အကျ သက်သာသည့် ရထားစီးနင်းခနှုန်းထားများဖြင့် သွားလာနိုင်ရေး ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ မီးရထားသည် နိုင်ငံအတွက် များစွာအကျိုးရှိ သည့်လုပ်ငန်းရပ်တစ်ခု ဖြစ်သဖြင့် မြန်မာ့မီးရထားအား ယခုထက်ပိုမို တိုးတက်အောင် ကြိုးပမ်းဆောင် ရွက်ကြစေလိုကြောင်း ပြောကြား သည်။
ချီးမြှင့်ငွေပေးအပ်
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စက်ရုံ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေ များကိုပေးအပ်ရာ စက်ရုံမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူကြ သည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် အမျိုးသားပြတိုက် (နေပြည်တော်) သို့ရောက်ရှိကြရာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများ က ကြိုဆိုနှုတ်ဆက်ကြသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် အမျိုးသား ပြတိုက်(နေပြည်တော်)၊ Mini theater ၌ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က တောင်ငူကေတု မတီမြို့ဟောင်းနှင့် ပတ်သက် သည့်သမိုင်းကြောင်းများ၊ သမိုင်း မှတ်တမ်းများ၊ ယဉ်ကျေးမှုဆိုင်ရာ များ၊ ရှေးဟောင်းနယ်မြေများ၊ မြို့ရိုးများနှင့် အဆောက်အဦများ ကို ထိန်းသိမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မန္တလေးနန်းမြို့ ရိုး၊ ရေကျုံးနှင့်တံတားများ တည် ဆောက်ထားရှိမှု၊ ဒုတိယကမ္ဘာစစ် အတွင်း တံတားများပျက်စီးခဲ့မှုနှင့် ပြန်လည်ပြင်ဆင်မှုများ ဆောင် ရွက်ခဲ့မှု၊ မင်္ဂလာတံတား တစ်ခု ဖြစ်သည့် စည်ရှည်တံတားအား ပြန်လည် တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် အမျိုးသားပြတိုက် (နေပြည်တော်) ၏ သမိုင်းကြောင်း ဗီဒီယိုကို ကြည့်ရှုကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး က တောင်ငူမြို့ရှောင်ရထားလမ်း တည်ဆောက်ရန် လျာထား ဆောင်ရွက်လျက်ရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့၏ သမိုင်းကြောင်းအရ အထင်ကရရှိ ခဲ့သည့် ဘုရင့်နန်းတော်များအား အဖြစ်နိုင်ဆုံး ဖော်ထုတ်ထိန်းသိမ်း စောင့်ရှောက်ရန် လိုကြောင်း၊ တောင်ငူနန်းတော်ရာနေရာနှင့် ကေတုမတီမြို့ရိုးအား ပြန်လည် ဖော်ထုတ်နိုင်ရေး ဆောင်ရွက်ရန် နှင့် ပြောင်းရွှေ့ရန်လိုအပ်သည့် ဝန်ကြီးဌာန အဆောက်အဦများ ကို ပြောင်းရွှေ့သွားရန်လိုကြောင်း၊ သာသနိကအဆောက် အဦများကို လက်ရှိအချိန်တွင် ပြောင်းရွှေ့ခြင်း မပြုရန်လိုကြောင်း၊ ကျုံးကိုလည်း ပြန်လည်ထိန်းသိမ်း ဆောင်ရွက် ရန်လိုကြောင်း၊ ကေတုမတီမြို့ရိုး များ ပြန်လည်ထိန်းသိမ်းနိုင်ရေး အတွက် ဆောင်ရွက်ရာတွင်ဖြစ်နိုင် ဖွယ်ရာ အချက်အလက်များနှင့် အညီ ဆောင်ရွက်သွားရန်လို ကြောင်း၊ ရှေးဟောင်းယဉ်ကျေးမှု အဆောက်အဦများကို ပြန်လည် ထိန်းသိမ်း ဆောင်ရွက်သွားရန် လိုကြောင်း၊ မန္တလေးနန်းတော်ရှိ မင်္ဂလာတံတားတစ်စင်းဖြစ်သည့် စည်ရှည်တံတားနှင့် ပတ်သက်၍ ပြန်လည်တည်ဆောက်ရန်အတွက် လိုအပ်သည့် အချက်အလက်များ နှင့် အထောက်အထားများ ပြည့်စုံ အောင် ပြုစုဆောင်ရွက်ရန် လိုကြောင်း၊ ပြန်လည်တည် ဆောက်ရာတွင်လည်း ရှေးမူ မပျက် မူလပုံစံအတိုင်း တည် ဆောက်သွားနိုင်ရန်လိုကြောင်း၊ အလားတူ တံတားနှင့်ဆက်စပ် လျက်ရှိသည့် လမ်းများကိုလည်း ကောင်းမွန်အောင် ပြင်ဆင်ဆောင် ရွက်သွားရန်လိုကြောင်း၊ နိုင်ငံသား အားလုံးအနေဖြင့် မိမိတို့နိုင်ငံ၏ သမိုင်းကို တန်ဖိုးထားထိန်းသိမ်း သွားရန်လိုကြောင်း၊ တောင်ငူ ဘူတာ တည်ဆောက်ရန်အတွက် လျာထားသည့်မြေမှ လယ်ယာမြေ များအား ကြိုတင်ဖော်ထုတ်ပေးရန်လိုကြောင်း၊ တိုးချဲ့မြို့သစ်ကို စနစ်တကျပုံစံ ထုတ်လုပ်ပြီးမှ ဆောင်ရွက်ရန် လိုကြောင်း၊ တောင်ငူမြို့ရှောင် ရထားလမ်း တည်ဆောက်ရာတွင်လည်း ရေရှည် အတွက်စဉ်းစား၍ ဆောင်ရွက် သွားရန်လိုကြောင်း မှာကြား သည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် အမျိုးသားပြတိုက်(နေပြည်တော်)အတွင်း ပြခန်းများအားလှည့်လည် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်