
နေပြည်တော် ဩဂုတ် ၃
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စား လိုစိတ်ထက်သန်စွာဖြင့် စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းနိုင် ရေးဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သား များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဝန်ထမ်းမိသားစုများက စေတနာ၊ မေတ္တာ၊ ကရုဏာအပြည့်ဖြင့် စုပေါင်း ၍ ကိုယ်တိုင်ချက်ပြုတ် ကြော်လှော်ကြသည့် စားသောက်ဖွယ်ရာများကို ရှေ့တန်းသို့ ပေးပို့လှူဒါန်းနိုင်ရေး စိတ်အားထက်သန်စွာ ပြင်ဆင် ဆောင်ရွက်နေမှုကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က လိုက်လံကြည့်ရှုအားပေး ကြသည်။
ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် ငါးပိကြော် ၂၂၈ ထုပ်၊ ငါးခြောက်ကြော် ၂၂၂ ထုပ်၊ ကော်ဖီမစ် ထုပ် ၂၁၀၊ ရွှေဖီဦးတီးမစ်ထုပ် ၂၁၀၊ ဆေးပေါ့လိပ် ၂၀၀၀၊ ခေါက်ဆွဲ ခြောက်ထုပ် ၂၁၀၊ အသင့်စားလက်ဖက် ၂၁၀ ထုပ်၊ ငါးပိထောင်းဘူး၂၀၀၊ ကွတ်ကီး အထုပ်၂၀၀၊ ဝေဖာအထုပ် ၂၀၀၊ Royal-D ဓာတ်ဆား အထုပ် ၂၀၀ စုစုပေါင်းအစားအသောက် ၁၁ မျိုးကို လှူဒါန်းသည့်အပြင် နိုင်ငံတော်လုံခြုံရေး၊ နယ်မြေကာကွယ်ရေးအတွက် အသက်ကို ပဓာန မထားဘဲ စွန့်လွှတ်စွန့်စားကာ ရှေ့တန်းတွင် တိုက်ပွဲဝင်နေကြသည့် တပ်မတော်သားများအတွက် စိတ်ဓာတ်ခွန်အား နိုးကြားတက်ကြွစေရန် “ကျန်းမာပါစေ၊ ဘေးအန္တရာယ်ကင်းပါစေ၊ တရားသောစစ် အောင်မြင် ပါစေ” စသည့် ဆုတောင်းမေတ္တာစာလွှာများလည်း ထည့်သွင်းပေးပို့ ကြသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စားသောက် ဖွယ်ရာ ၁၁ မျိုးအတွက် တန်ဖိုး ငွေကျပ် ၁၈ သိန်းနှင့် ငွေသားကျပ် ၅၂ သိန်း စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း ၇၀ ကို လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်