
နေပြည်တော် ဩဂုတ် ၃
နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ် ရေးတာဝန်များကို စွန့်လွှတ် စွန့်စား စွမ်းစွမ်းတမံထမ်းဆောင် လျက်ရှိသော ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် အလှူငွေ များနှင့် စားသောက်ဖွယ်ရာများ အား စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ စေတနာ ရှင်အလှူရှင်များက နေပြည်တော် တိုင်းစစ်ဌာနချုပ်သို့ ယနေ့ တွင် သွားရောက်ဂုဏ်ပြုပေးအပ် ခဲ့သည်။
စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ဝန်ထမ်း မိသားစုများက စေတနာ၊ မေတ္တာ အပြည့်ဖြင့် စားသောက်ဖွယ်ရာ များကို ပေးပို့လှူဒါန်းနိုင်ရေး အတွက် စိတ်အားထက်သန်စွာ ဖြင့် ပြင်ဆင်ထုပ်ပိုးနေမှုများအား ပြည်ထောင်စုဝန်ကြီးနှင့် ဌာန ဆိုင်ရာအကြီးအကဲများက လိုက်လံ ကြည့်ရှုအားပေးခဲ့ကြသည်။ ဝန်ကြီး ဌာနအနေဖြင့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ငါးသေတ္တာ ဘူးများ၊ အသင့်စား ခေါက်ဆွဲ ခြောက်ထုပ်များ၊ ကော်ဖီမစ်၊ တီးမစ်၊ ဘီစကွတ်၊ ဝေဖာ၊ မရွေး၊ သရက်သီးသနပ်၊ လက်ဖက်၊ ပဲကြော်၊ ငါးခြောက်ကြော်/ဖုတ်၊ ငါးပိထောင်း၊ ငံပြာရည်ကြော် အစ ရှိသည့် စားသောက်ဖွယ်ရာများ ကို လှူဒါန်းကြသည်။ ထို့အပြင် ရှေ့တန်းရောက် တပ်မတော်သား များ ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြင့် တိုက်ပွဲတိုင်းအောင်မြင်ပါစေ ကြောင်း ဆုတောင်းမေတ္တာစာများ ကိုလည်း ထည့်သွင်းပေးပို့ခဲ့ကြ သည်။
အဆိုပါ လှူဒါန်းပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို နေပြည်တော်တိုင်း စစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဝန်ထမ်းမိသားစုများက ပေးအပ်လှူဒါန်းသည့် ငွေကျပ် သိန်း ၁၀၀ တန်ဖိုးရှိ စားသောက် ဖွယ်ရာများနှင့် ငွေသားကျပ်သိန်း ၁၀၀ စုစုပေါင်းတန်ဖိုးကျပ်သိန်း ၂၀၀ အား တိုင်းမှူးထံပေးအပ်ရာ တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင် စကားပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်