ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်ညီလာခံ ဗဟိုဦးစီးအဖွဲ့အစည်းအဝေးနှင့် စာပေဆုများ ချီးမြှင့်ပွဲတက်ရောက်

 

ရန်ကုန်   ဩဂုတ်    ၃


မြန်မာနိုင်ငံ စာရေးဆရာအသင်း   တတိယအကြိမ်ညီလာခံ  ဗဟိုဦးစီး အဖွဲ့အစည်းအဝေးနှင့် စာပေဆုများ ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉  နာရီက ရန်ကုန်မြို့  ဗိုလ်တထောင်မြို့နယ်  သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းတက်ရောက်အမှာစကား ပြောကြားသည်။


အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်  ဦးစိုးသိန်း၊ တိုင်းဒေသကြီး      ဝန်ကြီးများ၊ မြန်မာနိုင်ငံစာရေးဆရာအသင်း နာယကများ၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများ၊ စာရေးဆရာ ဆရာမကြီး များနှင့်    ဖိတ်ကြားထားသော ဧည့်သည်တော်များ  တက်ရောက် ကြသည်။
ရှေးဦးစွာ စာပေဆုများချီးမြှင့် ပွဲအခမ်းအနားတွင် “စာပဒေသာ ဝေဆာစေမည်” Video Clip ကို ပြသသည်။ 
ထို့နောက်    ပြည်ထောင်စု ဝန်ကြီး   ဦးမောင်မောင်အုန်းက အမှာစကား     ပြောကြားရာတွင် မြန်မာနိုင်ငံ   စာရေးဆရာအသင်း ပထမအကြိမ်ညီလာခံကို     ၂၀၁၂ ခုနှစ်တွင်လည်းကောင်း၊  ဒုတိယ အကြိမ်ညီလာခံကို  ၂၀၁၆  ခုနှစ် တွင်လည်းကောင်း၊     တတိယ အကြိမ် ညီလာခံကို  ၂၀၂၂  ခုနှစ် မေ   ၂၂  ရက်တွင်လည်းကောင်း ကျင်းပနိုင်ခဲ့ပါကြောင်း၊ မြန်မာ နိုင်ငံ      စာရေးဆရာအသင်း၏ ဖွဲ့စည်းပုံအခြေခံ   စည်းမျဉ်းအရ ညီလာခံသက်တမ်း       တစ်ခု၏ သက်တမ်းသည်   ၄   နှစ်ဖြစ်ပြီး ညီလာခံတစ်ခုနှင့်   တစ်ခုအကြား ၂ နှစ်သက်တမ်းတွင်  ညီလာခံ၏ ဗဟိုဦးစီးအဖွဲ့    အစည်းအဝေးကို ကျင်းပရမည်ဟု သတ်မှတ်ပြဋ္ဌာန်း ထားပါကြောင်း၊    မြန်မာနိုင်ငံ စာရေးဆရာအသင်း      တတိယ အကြိမ် ညီလာခံသက်တမ်းသည် ယခု ၂၀၂၄ ခုနှစ် မေ ၂၂ ရက်တွင် သက်တမ်း ၂ နှစ်ပြည့်ခဲ့ပြီဖြစ်သော ကြောင့်        ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်း၊  လုပ်ထုံးလုပ်နည်းနှင့် အညီ ယခုဗဟိုဦးစီးအဖွဲ့ အစည်း အဝေးကို  ကျင်းပခြင်းဖြစ်သည် ဟု သိရပါကြောင်း။


မြန်မာနိုင်ငံစာပေ လောက
အတွက်ရော နိုင်ငံတော်အတွက်ပါ
များစွာဂုဏ်ယူစရာကောင်း
ယခု      အစည်းအဝေးတွင် မင်္ဂလာရှိသည့်   စာပေဆု  နှစ်မျိုး ကို  ချီးမြှင့်မည်ဖြစ်သည့်အတွက်   ဂုဏ်ယူကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင် မဲခေါင်စာပေဆု သည် ၂၀၁၄ ခုနှစ်မှစပြီး မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနှင့်     တရုတ်(ယူနန်)  ခြောက်နိုင်ငံမှ      စာရေးဆရာ အသင်းများ  စုစည်းညီညွတ်စွာ ရွေးချယ်ချီးမြှင့်ခဲ့ကြသည့် ဆုဖြစ် သည့်အတွက်      မြန်မာနိုင်ငံစာပေ လောကအတွက်ရော နိုင်ငံတော် အတွက်ပါ   များစွာဂုဏ်ယူစရာ ကောင်းပါကြောင်း။


နိုင်ငံခြောက်နိုင်ငံ   တစ်နှစ် လျှင်တစ်ကြိမ် အလှည့်ကျကျင်းပ ခဲ့ကြသည်မှာ (၁၂) ကြိမ်ပင်ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ် (၁၀)ကြိမ်မြောက်    မဲခေါင်စာပေဆု ချီးမြှင့်ပွဲကို     မြန်မာနိုင်ငံတွင်  ကျင်းပခဲ့ပြီး  (၁၁) ကြိမ်မြောက် ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘောဒီးယား နိုင်ငံနှင့် (၁၂) ကြိမ်မြောက် ၂၀၂၁ ခုနှစ်တွင် လာအိုနိုင်ငံ၌  ကျင်းပခဲ့ ပါကြောင်း၊  (၁၁) ကြိမ်မြောက်ပွဲ နှင့် (၁၂) ကြိမ်မြောက်  ပွဲများကို ကိုဗစ်ကပ်ရောဂါကြောင့် မကျင်းပ နိုင်ခဲ့သည့်အတွက် အဝေးရောက် သာ ချီးမြှင့်ခဲ့ရပြီး  ယခုလိုအခမ်း အနားတွင် မဲခေါင်စာပေဆုရရှိသူ ​လေးဦးကို ဆုချီးမြှင့်ရခြင်းဖြစ်ပါကြောင်း။


(၁၀) နှစ်အကြာတွင် ဒုတိယအကြိမ်ကျင်းပ
မြန်မာနိုင်ငံ    စာရေးဆရာ အသင်း၏   စာပေဆုချီးမြှင့်ပွဲကို ၂၀၁၃   ခုနှစ်က   ပထမအကြိမ် ကျင်းပခဲ့ပြီး (၁၀) နှစ်အကြာတွင် ယခုလို ဒုတိယအကြိမ်ကျင်းပခြင်း ကြောင့် စာပေဆုရသူ   ၁၈   ဦးကို ချီးမြှင့်မည်ဟု     သိရပါကြောင်း၊ မြန်မာနိုင်ငံစာရေးဆရာအသင်း ၏     စာမူပြိုင်ပွဲတွင်      ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတိုဟူ၍ သုံးမျိုး ပါဝင်ပါကြောင်း။
မဲခေါင်စာပေဆုရသူများနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်း၊ စာပေဆုရသူအားလုံးသည်  မြန်မာ နိုင်ငံ    စာရေးဆရာအသင်း၏  ဆောင်ပုဒ်ဖြစ်သည့်  “အမျိုး၏ ဂုဏ်  ဇာတိဂုဏ်   စာပေဂုဏ်ကို မြှင့်”    ဟူသော   ဆောင်ပုဒ်ကို လက်တွေ့       ကာယကံမြောက် ထိရောက်       အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက် ပေးခဲ့ကြသည့်အတွက်    ဂုဏ်ပြု မှတ်တမ်းတင်ပါကြောင်း  ပြော ကြားသည်။


ယင်းနောက်    ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က   မြန်မာ နိုင်ငံစာရေးဆရာအသင်း တတိယ အကြိမ်ညီလာခံ      ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးနှင့် စာပေဆုရရှိသူ များအတွက် ငွေကျပ် ၃၅ သိန်း ကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ပေးအပ်လှူဒါန်း ပြီး     မြန်မာနိုင်ငံစာရေးဆရာ အသင်းဥက္ကဋ္ဌ အလင်္ကာကျော်စွာ ဦးအုန်းမောင်    (မြင်းမူမောင်နိုင်မိုး)    က   နှုတ်ခွန်းဆက်စကား   ပြော ကြားသည်။


ဆက်လက်၍  ပြည်ထောင်စု ဝန်ကြီး    ဦးမောင်မောင်အုန်းက မဲခေါင်စာပေဆု    ရရှိသူများအား ဆုများ  ပေးအပ်ချီးမြှင့်ရာ   (၁၁)ကြိမ်မြောက်    မဲခေါင်စာပေဆု (၂၀၂၀)တွင်   လွမ်းတိမ်ဝတ်မှုန် ရသစုံဝတ္ထုတိုများဖြင့်    ဆုရရှိ သည့်    ဒေါက်တာ   နီလာသိန်း (မြကြာငုံ)၊ ၇၅ ရုပ်ပုံလွှာ နေမင်း သန်းကဗျာဖြင့်       ဆုရရှိခဲ့သည့် ဦးဖေသန်း(နေမင်းသန်း)၊    (၁၂)ကြိမ်မြောက်     မဲခေါင်စာပေဆု (၂၀၂၁)  တွင်     ပြိုပျက်ခဲ့သော သက္ကရာဇ်များဖြင့်    ဆုရရှိခဲ့သည့် ဦးဇော်ဝင်းအောင်(အကြီးကိုကို-ကသာ)နှင့် နွေဦးအော်ပရာကဗျာ များဖြင့် ဆုရရှိခဲ့သည့် ဦးသန်းအေး (စလင်းဘုန်းကျော်)တို့က ဆုများ လက်ခံရယူကြသည်။


ထို့နောက်    တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက မြန်မာ နိုင်ငံစာရေးဆရာအသင်း ဒုတိယ အကြိမ် စာမူပြိုင်ပွဲဆုရရှိသူများ အား    ဆုများပေးအပ်ချီးမြှင့်ရာ ဝတ္ထုတို       ပထမဆုရရှိခဲ့သည့် စောငယ်ငယ်(မိုးညှင်း)၊    ဝတ္ထုတို ဒုတိယဆုရရှိခဲ့သည့် ယွင်းနှင်းဆီ ခိုင်နှင့်  ဝတ္ထုတိုတတိယဆုရရှိခဲ့ သည့်      ဝေလွင်မြင့်မောင်တို့က ဆုများလက်ခံရယူကြသည်။


ယင်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး    ဝင်းတင့်၊   ရန်ကုန် မြို့တော်    စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ    မြို့တော်ဝန် ဦးဗိုလ်ဌေး၊ တိုင်းဒေသကြီး လူမှု ရေးရာဝန်ကြီး     ဦးဌေးအောင်၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း နာယက      အလင်္ကာကျော်စွာ ဒေါ်ချိုချိုတင်(မစန္ဒာ)နှင့် မြန်မာ နိုင်ငံစာရေးဆရာအသင်း   ဥက္ကဋ္ဌ အလင်္ကာကျော်စွာ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)တို့က မြန်မာ နိုင်ငံ စာရေးဆရာအသင်း ဒုတိယ အကြိမ်   စာမူပြိုင်ပွဲဆုရရှိသူများ အား    ဆုများပေးအပ်ချီးမြှင့်ရာ  ဝတ္ထုတိုအထူးဆု(၁)ရရှိသူ စံဝင်း အောင်(မြန်အောင်)၊      ဝတ္ထုတို အထူးဆု(၂)ရရှိသူ  နန်းဟင်းပြင်း၊ ဝတ္ထုတိုအထူးဆု(၃)ရရှိသူ   ဇော် (မြိတ်)၊ ဆောင်းပါးပထမဆုရရှိသူ ရွှေထုံ ခင်သီတာလှိုင်၊ ဆောင်းပါး ဒုတိယဆုရရှိသူ   လင်းအရုဏ်ဦး (ပဲခူး)၊ ဆောင်းပါးတတိယဆုရရှိ သူ    သစ္စာဝါဒီ    ဦးမြင့်အောင်၊ ဆောင်းပါး အထူးဆု   (၁) ရရှိသူ တက္ကသိုလ်      နန်းဖြူဖြူထွန်း၊ ဆောင်းပါးအထူးဆု  (၂)  ရရှိသူ မရွှေချစ်(လယ်ကိုင်း)၊ ဆောင်းပါး အထူးဆု(၃)ရရှိသူ   မောင်ရည် ကျော်(ရူပ)၊ ကဗျာပထမဆုရရှိသူ နေခြည်မောင်(မြောင်းမြ)၊ ကဗျာ ဒုတိယဆုရရှိသူ      ဘုန်းရဲနိုင် (ဂန့်ဂေါ)၊ ကဗျာတတိယဆုရရှိသူ စစ်တွေညိုသန့်၊ ကဗျာအထူးဆု (၁)  ရရှိသူ   ဇဂျမ်းရွာကျောင်းအို သား၊ ကဗျာအထူးဆု  (၂) ရရှိသူ ဟန်ညွန့်(ယဉ်ကျေးမှု)နှင့်  ကဗျာ အထူးဆု(၃)ရရှိသူ    ခက်ဇော် (ကဗျာ)တို့က ဆုများလက်ခံရယူ ကြသည်။
ကျေးဇူးတင်စကားပြောကြား


ထို့နောက်  မဲခေါင်စာပေဆု ရရှိသူများကိုယ်စား စာရေးဆရာ ဦးဇော်ဝင်းအောင်  (အကြီးကိုကို-ကသာ)နှင့်   မြန်မာနိုင်ငံစာရေး ဆရာအသင်းစာပေဆုရရှိသူများ ကိုယ်စား  စာရေးဆရာမ ဒေါ်ခင် သီတာလှိုင်(ရွှေထုံခင်သီတာလှိုင်)တို့က ကျေးဇူးတင်စကား ပြော ကြားကြသည်။


ယင်းနောက်  ပြည်ထောင်စု ဝန်ကြီး     ဦးမောင်မောင်အုန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုး သိန်းတို့က  မဲခေါင်စာပေဆုရရှိသူ များ၊   မြန်မာနိုင်ငံ   စာရေးဆရာ အသင်း    စာပေဆုရရှိသူများနှင့် အတူ    စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး  အခမ်းအနား တွင် ပြသထားသည့် ဆုရရှိသူများ ၏  ဓာတ်ပုံများအား   လှည့်လည် ကြည့်ရှုကြသည်။
မွန်းလွဲပိုင်းတွင်  ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းသည် ရန်ကုန်မြို့       ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန  ရုပ်ရှင်မြှင့်တင်ရေး ဌာနခွဲ၌    ပြုလုပ်သည့်   မြန်မာ နိုင်ငံ   ဒစ်ဂျစ်တယ်မီဒီယာအသင်း (Myanmar Digital Media Asso-ciation) ဖြစ်မြောက်ရေးကော်မတီ နှင့်တွေ့ဆုံ၍   ဒစ်ဂျစ်တယ်မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး   ကိစ္စများကို ဆွေးနွေးပြောကြားသည်။


ရှေးဦးစွာ      ပြည်ထောင်စု ဝန်ကြီးက ဆွေးနွေးပြောကြားရာ တွင် မြန်မာနိုင်ငံ၏ မီဒီယာအခင်း အကျင်းတွင်      ဒစ်ဂျစ်တယ် နည်းပညာနှင့်    မီဒီယာသည် အရေးပါသည့်နေရာမှ ပါဝင်လျက် ရှိပါကြောင်း၊ယခုအခါ ဒစ်ဂျစ်တယ် မီဒီယာလုပ်ငန်းသည်   ကြီးမား ကျယ်ပြန့်လျက်ရှိသဖြင့်     ၎င်း လုပ်ငန်းကို လုပ်ကိုင်နေကြသူများ ၏ အကျိုးစီးပွားကို    ကာကွယ် မြှင့်တင်ပေးရန်နှင့်  အငြင်းပွားမှု ဆိုင်ရာပြဿနာများ၊ ကျင့်ဝတ်ပိုင်း ဆိုင်ရာပြဿနာများကို   ဖြေရှင်း ဆောင်ရွက်နိုင်ရန်  မြန်မာဒစ်ဂျစ် တယ်မီဒီယာအသင်းကြီးပေါ်ပေါက် လာစေရေး    ကြိုးပမ်းလျက်ရှိပါ ကြောင်း၊  ယခုဖွဲ့စည်းပေးထား သည့်     ကော်မတီတွင်        IT  နည်းပညာ     ကျွမ်းကျင်သူများ၊ သတင်းမီဒီယာနယ်ပယ်မှ ပုဂ္ဂိုလ် များ၊      ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်သူများအား    ပါဝင် ဖွဲ့စည်း       ပေးထားပါကြောင်း၊အသင်းကြီး အောင်မြင်စွာဖွဲ့စည်း နိုင်ရေးနှင့် လုပ်ငန်းများ အောင်မြင် အောင်ဆောင်ရွက်နိုင်ရေးအတွက် သင်းဖွဲ့စည်းမျဉ်းနှင့်     သင်းဖွဲ့ မှတ်တမ်းကို  စနစ်တကျရေးဆွဲ ကြရန်လိုကြောင်း၊    ယခုအခါ ဒစ်ဂျစ်တယ်   ပလက်ဖောင်းကို အသုံးပြု၍    ပြည်သူများအား      သတင်းတု  /   သတင်းမှားများ    ဖြန့်ဝေလျက်ရှိသဖြင့် နိုင်ငံတော် နှင့် ပြည်သူများအကျိုးကို    ရှေးရှု ကာ ဝိုင်းဝန်းထိန်းသိမ်း ပေးကြရန်      လိုပါကြောင်း၊    အသင်းကြီးအား အောင်မြင်စွာဖွဲ့စည်း၍       ဒစ်ဂျစ် တယ်နည်းပညာဖြင့်  နိုင်ငံအကျိုး             သယ်ပိုးပေးကြပါရန်  တိုက်တွန်း လိုကြောင်း ပြောကြားသည်။


ထို့နောက်        မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း    ဖြစ် မြောက်ရေးကော်မတီ    ဥက္ကဋ္ဌ ဦးကိုကို(ကိုကို- စက်မှုတက္ကသိုလ်)    နှင့်     တက်ရောက်လာကြသည့် ကော်မတီဝင်များက    ဆွေးနွေး ပြောကြားကြသည်။ 

သတင်းစဉ်