ဒုတိယဝန်ကြီး ဦးမြင့်စိုး ဆီဆိုင်မြို့နယ် ရေပေးရေးလုပ်ငန်း ကြည့်ရှု၊ ဝန်ထမ်းများနှင့်တွေ့ဆုံ

နေပြည်တော်   ဩဂုတ်   ၃
သမဝါယမနှင့်   ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဦးမြင့်စိုးသည်  ယမန်နေ့   နံနက် ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်       အုပ်ချုပ်ခွင့်ရ ဒေသ  ဆီဆိုင်မြို့သို့   သွားရောက် ပြီး   သမဝါယမနှင့်   ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန   ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၏ ကျေးလက်ဖွံ့ဖြိုးရေး   ရန်ပုံငွေ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏  ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေတို့ဖြင့် ၁၅ ကီလို ဝပ် ဆိုလာ နှစ်စုံ၊ မြင်းကောင်ရေ ၁၀ ကောင်အားရှိ ရေတင်ပန့်များ အသုံးပြု၍ ပင်မရေသိုလှောင်ကန် နှစ်ခုသို့ ပေးပို့လျက်  ဆီဆိုင်မြို့ ပေါ် ရပ်ကွက် ခြောက်ခု၊ ဝါးတော၊ ဟော်တောင်၊          ဟော်မြောက်၊ ဘုရားဖြူ၊   တခေါ့တန်ကျေးရွာ ငါးရွာ သောက်သုံးရေနှင့် စိုက်ပျိုး ရေ    ပေးဝေနေမှုကို     ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက်   ဆီဆိုင်မြို့နယ် သမဝါယမဦးစီးဌာနရုံး  ပြန်လည် ဆောက်လုပ်မည့်နေရာ၊ ယာယီရုံး ဖွင့်လှစ်ဆောင်ရွက်မည့် နေရာကို ကြည့်ရှုစစ်ဆေးပြီး ဆီဆိုင်မြို့နယ် ကျေးလက်ဒေသ  ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၌    ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကားပြောကြား ကာ          ထောက်ပံ့ပစ္စည်းများ၊ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ထိုမှတစ်ဆင့်   ဟိုပုံးမြို့နယ် အောင်ပွဲကျေးရွာသို့  သွားရောက် ၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြု         ရန်ပုံငွေဖြင့် အောင်ပွဲ-ကုန်းသလေး-တဖူးကိုင်- လွယ်တဝိုင်း-ဟိုနမ့် ကျေးရွာချင်း ဆက်လမ်းအရှည်      သုံးဖာလုံ ကတ္တရာခင်းခြင်း       လုပ်ငန်းကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးသည်။ ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနအနေဖြင့်    ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၌  ဟိုပုံးမြို့နယ် အတွင်းရှိ   ကျေးရွာချင်းဆက် လမ်း ခုနစ်လမ်းအား   အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိသည်။
ယင်းနောက်         ဟိုပုံးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံးသို့ သွားရောက်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏  အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုး ရေးစီမံကိန်းဖြင့်  ဖွင့်လှစ်နေသော မော်တော်ဆိုင်ကယ်           ပြုပြင် ထိန်းသိမ်းနည်းပညာ   သင်တန်း တက်ရောက်နေသည့် သင်တန်း သား  ၁၀  ဦးနှင့်       တွေ့ဆုံကာ အားပေးစကား         ပြောကြားကာ မဲနယ်တောင်တန်းပေါ်မှ ကျေးရွာ များဖြစ်ကြသော   စငေါကျေးရွာ အုပ်စု နမ့်ဟူးကျေးရွာ၊ ပန်လျန်း ကျေးရွာ၊       စံဖူးကျေးရွာအုပ်စု ကျောက္ကချားကျေးရွာများသို့ သွား ရောက်၍ ကျေးရွာသူ  ကျေးရွာ သားများ၊    ရပ်မိရပ်ဖများ၊   ဌာန ဆိုင်ရာဝန်ထမ်းများနှင့်    တွေ့ဆုံ ကာ  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးသည်။
အဆိုပါကျေးရွာ သုံးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက  စိမ့်စမ်းရေသွယ် စနစ်ဖြင့်      ရေပေးရေးလုပ်ငန်း ဆောင်ရွက်ပေးထားပြီး   ကျေးရွာ လူထု၏    လိုလားချက်များဖြစ် သော  ရွာတွင်းလမ်းများ  ပြုပြင် ဖောက်လုပ်ပေးရေး၊ ကျေးရွာချင်း ဆက်လမ်းများ   ဖောက်လုပ်ပေး ရေး၊ ကုန်ထုတ်လမ်း ဖောက်လုပ် ပေးရေး   လုပ်ငန်းများအတွက် ဆက်လက်ကွင်းဆင်း ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီး သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး သို့  သွားရောက်၍ ရှမ်းပြည်နယ် ဝန်ကြီးချုပ်   ဦးအောင်အောင်နှင့် တွေ့ဆုံကာ   ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်၊     ဟိုပုံးမြို့နယ် အတွင်း   ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ဆီထွက် သီးနှံလျာထားစိုက်ပျိုးမည့်   အစီ အစဉ်များကို   ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ် သည်များ ညှိနှိုင်းဆွေးနွေးမှာကြား ခဲ့ကြောင်း သိရသည်။   
သတင်းစဉ်