ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးထံ UNOPS ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် ကိုယ်စားလှယ်က ၎င်း၏ခန့်အပ်လွှာ ပေးအပ်

 

နေပြည်တော်    ဩဂုတ်   ၆


ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံ ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (United Nations Office for Project Services-UNOPS) ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြား ရေးမှူး (Country Director) နှင့် ကိုယ်စားလှယ် (Representative) အသစ်  Ms. Sara Austin Netzer က ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လာရောက်တွေ့ဆုံ၍ ၎င်း၏ ခန့်အပ်လွှာကို ပေးအပ်သည်။


ခန့်အပ်လွှာပေးအပ်သည့် အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်