အဋ္ဌကထာကျမ်းစာအုပ် ၅၁ အုပ်ကို ကွန်ပျူတာစာမူစနစ်ဖြင့် ပြန်လည်ထုတ်ဝေနိုင်ရေး ပညာပါရမီ ဖြည့်ဆည်းလှူဒါန်းနိုင်ပါကြောင်း နှိုးဆော်ခြင်း

 

၁။    နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒ နှင့်အညီ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့်   စစ်ကိုင်းမြို့တို့ရှိ သာသနာ့တက္ကသိုလ်ကြီးများနှင့် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ပရိယတ္တိစာသင်တိုက် ကြီးများမှ စာချစာသင်ရဟန်းတော်များ အသုံးပြုလျက်ရှိသည့် ပိဋကတ် သုံးပုံပါဠိတော်အဖွင့် အဋ္ဌကထာကျမ်းစာအုပ် ၅၁ အုပ်တို့ကို ဆဋ္ဌမူ အတိုင်း စာမျက်နှာ၊ စာသားနှင့်  စာလုံးရေပြောင်းလဲမှုမရှိဘဲ စာလုံး အနေအထား   သန့်ရှင်းသပ်ရပ်မှုရှိသည့်  ကွန်ပျူတာစာမူစနစ်ဖြင့် ကျမ်းစာအုပ်တစ်မျိုးလျှင် အုပ်ရေ ၁၀၀၀ စီ ပြန်လည်ပုံနှိပ်ထုတ်ဝေ နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။
၂။    စက်တင်ပုံနှိပ်ပြီး ကျမ်းစာအုပ်မှာ ၂ အုပ်၊ ပုံနှိပ်ဆဲမှာ ၆ အုပ်၊ စာသားများစစ်ဆေးဆဲမှာ ၁၇ အုပ်၊ စာမူပြုစုဆဲမှာ ၆ အုပ်ရှိပြီး ဆက်လက်ဆောင်ရွက်ရန် ကျမ်းစာအုပ်မှာ ၂၀ အုပ် ရှိပါသည်။
၃။    သို့ဖြစ်ပါ၍ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အလှူရှင်များအနေဖြင့် ကျမ်းစာအုပ် တစ်အုပ်လျှင် ငွေကျပ် ၃၀၀၀၀/- (ကျပ်သုံးသောင်း)နှုန်းဖြင့် မိမိတတ်နိုင်သည့် စာအုပ်အရေအတွက် အတိုင်း ပညာပါရမီ ဖြည့်ဆည်းလှူဒါန်းနိုင်ပါသည်။  
၄။    လှူဒါန်းလိုပါက ဦးသောင်းဝင်း(ညွှန်ကြားရေးမှူး)၊ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဖုန်း-၀၆၇၃၄၀၆၂၇၆၊ ၀၉- ၄၂၀၇၀၁၄၆၃၊ ဦးကျော်လွင်(ညွှန်ကြားရေးမှူး)၊ သာသနာရေးဦးစီးဌာန၊ ဖုန်း-၀၆၇ ၃၄၀၆၂၃၂၊  ၀၉- ၄၀၀၅၁၆၇၇၇၊  ဦးကျော်မိုး (ညွှန်ကြားရေးမှူး)၊ နိုင်ငံတော်   ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊   ဖုန်း-၀၁ ၈၆၆၁၂၇၅၊ ၀၉-၄၀၂၁၈၈၂၁၄၊ ဦးဝင်းသိန်းထွန်း (ညွှန်ကြားရေးမှူး)၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)၊        ဖုန်း- ၀၂ ၄၀၆၁၁၁၂၊  ၀၉-၄၂၁၀၀၀၈၄၈၊ ဦးဇော်ဦး(ညွှန်ကြားရေးမှူး)၊ ရန်ကုန် တိုင်းဒေသကြီးသာသနာရေးမှူးရုံး၊ ဖုန်း-၀၁ ၆၅၁၂၀၉၊   ၀၉- ၂၀၃၈၅၆၃၊ ဦးကျော်လှိုင်(ညွှန်ကြားရေးမှူး)၊ မန္တလေးတိုင်းဒေသကြီး သာသနာရေးမှူးရုံး၊ ဖုန်း-၀၂ ၄၀၃၆၃၁၂၊ ၀၉-၂၆၃၉၉၉၀၀၁ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း   နိဗ္ဗာန်အကျိုးမျှော်၍    နှိုးဆော် တိုက်တွန်းအပ်ပါသည်။   

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန