ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

 

နေပြည်တော် ဩဂုတ် ၆


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို  သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H. E. Mr. Mongkol Visitstump အား ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင်    နေပြည်တော်ရှိ   ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမ၌ လက်ခံ တွေ့ဆုံသည်။


တွေ့ဆုံစဉ်   မြန်မာနိုင်ငံဆိုင်ရာ    ထိုင်းနိုင်ငံ သံအမတ်ကြီးက     ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့်   ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများ၊   နိုင်ငံရေးပါတီများ နှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှုများ၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ထိုင်းနိုင်ငံအနေဖြင့် ကူညီဆောင်ရွက် ပေးနိုင်မည့်အခြေအနေများ၊ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက် ရေးအတွက်        ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေ များကို မေးမြန်းဆွေးနွေးသည်။


ယင်းနောက်      ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက    ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်စပ်လျဉ်း၍ဆောင်ရွက်နေမှု၊ နိုင်ငံ ရေးပါတီများ  တည်ထောင်ခွင့်၊   မှတ်ပုံတင်ခွင့်များ ခွင့်ပြုလျက်ရှိသည့် အခြေအနေနှင့် စိစစ်ဆောင်ရွက် နေသည့်အခြေအနေ၊ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး အတွက် စဉ်ဆက်မပြတ် ဆောင်ရွက်နေမှုများ၊ မြန်မာ အီလက်ထရောနစ်မဲပေးစက်ဖြင့်     မဲပေးနိုင်ရေး အတွက်  ဆောင်ရွက်နေမှု၊   ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း ပြောကြားသည်။


ထို့နောက် ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင်နှင့်     ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ   ပူးပေါင်း ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် နှစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင် မည့်အခြေအနေများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေး ခဲ့ကြသည်။


တွေ့ဆုံပွဲသို့     ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များနှင့်ကော်မရှင်ရုံးမှ တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်