ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင်နှင့် တက္ကသိုလ်များ အသက်(၂၀)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

 

ပဲခူး   ဩဂုတ်   ၆


၂၀၂၄ ခုနှစ် ပဲခူးတိုင်းဒေသကြီး ဝန်ကြီး ချုပ်ဖလား (၆)ခရိုင်နှင့် တက္ကသိုလ်များ အသက်(၂၀) နှစ်အောက်    အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဩဂုတ် ၅ ရက် ညနေပိုင်း က   ပဲခူးမြို့     ဟံသာဝတီယူနိုက်တက် ဘောလုံးကွင်း၌ ကျင်းပရာ တိုင်းဒေသ ကြီး   ဝန်ကြီးချုပ်     ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်သည်။


ရှေးဦးစွာ တောင်ငူခရိုင်‌အမျိုးသမီးဘောလုံးအသင်းနှင့် ညောင်လေးပင်ခရိုင် အမျိုးသမီးဘောလုံးအသင်းတို့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှုကို  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ ကျောင်းသား ကျောင်းသူများ၊ အားကစားဝါသနာရှင် များက  ကြည့်ရှုအားပေးခဲ့ကြသည်။


ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပရာ ပွဲစဉ် တစ်လျှောက်နေရာအလိုက် အကောင်း ဆုံးဆုရရှိသူများနှင့်     အကောင်းဆုံး အားကစားသမားဆု      ရရှိသူတို့ကို တိုင်းရင်းသားရေးရာဝန်ကြီးနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးတို့က    လည်း ကောင်း၊  တတိယဆုရရှိသော ပြည်ခရိုင် အမျိုးသမီးဘောလုံးအသင်း၊ ဒုတိယဆု ရရှိသော  တောင်ငူခရိုင်    အမျိုးသမီး ဘောလုံးအသင်းတို့အား    တစ်ဦးချင်း ဆုတံဆိပ်နှင့်   ငွေသားဆုများကို  လူမှု ရေးရာဝန်ကြီးနှင့်    သယံဇာတရေးရာ ဝန်ကြီးတို့ကလည်းကောင်း၊  ပထမဆု ရရှိသော ညောင်လေးပင်ခရိုင် အမျိုးသမီး ဘောလုံးအသင်းအား    တစ်ဦးချင်းဆု တံဆိပ်များကို လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးကလည်းကောင်း ပေးအပ်ချီးမြှင့် ခဲ့ကြသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက       ပထမရရှိသော ညောင်လေးပင်ခရိုင် အမျိုးသမီးဘောလုံး အသင်းအား ပထမတံခွန်စိုက်ဆုဖလားနှင့် ငွေသားဆု ၁၀ သိန်းကျပ်တို့ကို ပေးအပ် ချီးမြှင့်သည်။


အဆိုပါ အမျိုးသမီးဘောလုံးပြိုင်ပွဲ ကို  ဇူလိုင် ၂၉ ရက်မှ ဩဂုတ် ၅ ရက် အထိ စုစုပေါင်းဘောလုံးအသင်း ကိုးသင်း ပါဝင် ကာ အုပ်စု သုံးအုပ်စုခွဲ၍ ပတ်လည်ယှဉ်ပြိုင် ခဲ့ကြောင်း သိရသည်။


တိုင်းဒေသကြီး(ပြန်/ဆက်)