လူငယ်များ ကာယ၊ ဉာဏ စွမ်းရည်မြင့်မားစေရန်အတွက် စာပေလေ့လာဖတ်ရှုလိုသော အလေ့အကျင့်ကောင်းများရရှိစေရန် အလေးထား

 

စစ်တွေ  ဩဂုတ်  ၆


ရခိုင်ပြည်နယ်အစိုးရအဖွဲ့က   ကြီးမှူးကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ်   စကားဝိုင်း ဆွေးနွေးပွဲကို ဩဂုတ် ၅ ရက်က စစ်တွေမြို့ အမှတ် (၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်    ဦးထိန်လင်းနှင့်ဇနီး တက်ရောက်အားပေးသည်။


ဦးစွာ  ပြည်နယ်ဝန်ကြီးချုပ်က  နိုင်ငံတော်အနေ ဖြင့် လူငယ်များကာယ၊     ဉာဏ စွမ်းရည်မြင့်မားစေရန်၊  အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာပေ လေ့လာဖတ်ရှုလိုသော  အလေ့အကျင့်ကောင်းများ     ရရှိစေရန်အပါအဝင်       လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်စေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊   မိမိတို့   ဖတ်ရှုသိရှိထားသော အသိပညာ၊ ဗဟုသုတများကို ပြန်လည်ဟောပြောပေး ခြင်း၊  ဆွေးနွေးခြင်းများကို   ဆောင်ရွက်မှသာလျှင်    ပညာပြန့်ပွားမှုအကျိုးကို    ခံစားရမည်ဖြစ်သည့် အတွက်    ဆရာ  ဆရာမများ၊ မိဘများ၊ ကျောင်းသား   ကျောင်းသူများက  ပူးပေါင်းဆောင်ရွက်ကြရန် ပြော ကြားသည်။


ထို့နောက် စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ဆွေးနွေးပွဲတွင် အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းမှ အထက်တန်းပြ ဆရာမဒေါ်နုမြသန္တာက ဦးဆောင်ဆွေးနွေးသူအဖြစ်       ပါဝင်ဆွေးနွေးပြီး အမှတ်(၄)    အခြေခံပညာအထက်တန်းကျောင်းမှ Grade-11      ကျောင်းသားမောင်ကောင်းခန့်ဇံက လူငယ်နှင့်အားကစား၊    အမှတ်(၁)    အခြေခံပညာ အထက်တန်းကျောင်းမှ    Grade -12    ကျောင်းသူ မမျိုးသန္တာခင်က လူငယ်နှင့်မူးယစ်ဆေးဝါး၊  အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းမှ   Grade-  12 ကျောင်းသားမောင်ကျော်စိုးက လူငယ်နှင့်စာပေ၊ အမှတ်(၂)   အခြေခံပညာအထက်တန်းကျောင်းမှ Grade-11 ကျောင်းသူမဖြိုးသန္တာထွန်းက လူငယ်နှင့် ကျန်းမာရေး    စသည့်ခေါင်းစဉ်များဖြင့်     ဆွေးနွေး ကြသည်။


ယင်းနောက် ကျောင်းသား  ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးကြရာ ဆွေးနွေး ပွဲတွင်     ပါဝင်ဆွေးနွေးကြသည့်      ကျောင်းသား  ကျောင်းသူများက      ပြန်လည်ဆွေးနွေးဖြေကြားခဲ့ သည်။


ဆက်လက်၍   ပြည်နယ်ဝန်ကြီးချုပ်နှင့်   အဖွဲ့ သည်  အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းရှိ မဟာပညာကျော်စာကြည့်တိုက်အတွင်း လှည့်လည် ကြည့်ရှုပြီး     ကျောင်းသား   ကျောင်းသူများ    စာပေ  လေ့လာဖတ်ရှုနေမှုကိုကြည့်ရှုကာ ကျောင်းစာကြည့် တိုက်အတွက်    စာအုပ်စာစောင်များကို    ပေးအပ် လှူဒါန်းခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် ဉာဏပြိုင်ပွဲများဖြစ်သော အရုပ်ဆက် ပြိုင်ပွဲ၊    စကားပုံဆက်ပြိုင်ပွဲများတွင်    ကျောင်းသား ကျောင်းသူများ  ပါဝင်ယှဉ်ပြိုင်နေမှုကို   လှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရသည်။

တင်ထွန်း (ပြန်/ဆက်)