အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ (၁/၂၀၂၄)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်   ဩဂုတ်   ၆


အသက်မွေးဝမ်းကျောင်း လုပ်ငန်း များ     ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီ၏   (၁/၂၀၂၄) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန     ပြည်ထောင်စု ဝန်ကြီးရုံး၌ကျင်းပရာ   လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊    သမဝါယနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဦးလှမိုး တက်ရောက်အမှာစကား   ပြော ကြားသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဇူလိုင်လမှစ၍   မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်    မြစ်ရေများ ကြီးမြင့်လာပြီး  ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေး တိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ် နှင့် ဧရာဝတီတိုင်းတို့တွင် ရေကြီး နစ်မြုပ်ခဲ့မှုများ  ဖြစ်ပေါ်လျက်ရှိ ကြောင်း၊   အချို့ဒေသများတွင် လည်း မိုးသည်းထန်စွာရွာသွန်းမှု ကြောင့်  မြေပြိုမှုများ   ဖြစ်ပေါ် လျက်ရှိကြောင်း၊    ယခုကဲ့သို့ သဘာဝဘေးကြောင့်     ရေကြီး နစ်မြုပ်ဧရိယာများတွင် ဆက်စပ် ဌာနများနှင့် ပူးပေါင်း၍ ရေသန့် စင်စက်များဖြင့် ရေဖြန့်ဝေခြင်း၊ ရေသန့်ဆေးပြားများ၊  ဆေးထုပ် များ ဖြန့်ဝေခြင်း၊ ကလိုရင်းဆေး ခတ်ခြင်း   စသည့်လုပ်ငန်းများ အပြင်   ကော်မတီဝင်အခြားဌာန များကလည်း     သဘာဝဘေး ကယ်ဆယ်ရေး   လုပ်ငန်းများကို တတ်နိုင်သမျှ ဆောင်ရွက်ပေးနေ သည် တွေ့ရပါကြောင်း။


ထို့ပြင် အရေးပေါ်တုံ့ပြန်ရေး နှင့်       ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင် ရေး     စီစဉ်ဆောင်ရွက်ရာတွင် ပျက်စီးဆုံးရှုံးခဲ့သည့်  လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းများအတွက် သီးနှံမျိုးစေ့များနှင့်  သွင်းအားစု များ ထောက်ပံ့ပေးနိုင်မှု၊  မွေးမြူ ရေးလုပ်ငန်းများအတွက် တိရစ္ဆာန်  ရောဂါ       ကာကွယ်ဆေးဝါး၊ တိရစ္ဆာန်အစာ ထောက်ပံ့ပေးနိုင်မှု၊ ငါး၊ ပုစွန်သားပေါက်များ ဖြန့်ဖြူး ထောက်ပံ့ပေးမည့် အစီအစဉ်များ၊ စားရေရိက္ခာအတွက် အရန်ဆန် ထောက်ပံ့ကူညီ ဆောင်ရွက်ပေး နိုင်မှု၊ ကူညီကယ်ဆယ်ထောက်ပံ့ ပေးခဲ့မှုအခြေအနေများနှင့် အသက် မွေးဝမ်းကျောင်းအထောက်အကူပြုလုပ်ငန်းများနှင့် ပတ်သက်၍ ရေတို၊   ရေရှည်ဆောင်ရွက်ပေး မည့်အစီအစဉ်များကို ကော်မတီ ဝင်များအနေဖြင့်  ဆွေးနွေးပေးစေ လိုကြောင်း ပြောကြားသည်။


ဆက်လက်၍ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ  ပြန်လည် ထူထောင်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး    ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင် နှင့် ကော်မတီဝင်ဌာနများမှ အမြဲ တမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များနှင့်  တာဝန်ရှိသူများက ဌာနအလိုက်  လက်ရှိဘဏ္ဍာရေး နှစ်တွင်  ဖွံ့ဖြိုးရေးလုပ်ငန်းများ လျာထားနိုင်မှု၊ ရေရှားပါးကျေးရွာ များအတွက် ရေဖြန့်ဝေပေးနိုင်မှု၊  လတ်တလော   ဖြစ်ပေါ်နေသည့် ရေကြီးနစ်မြုပ်   ဒေသများတွင် ဆောင်ရွက်ပေးနေမှု၊    ရေကြီး နစ်မြုပ်ဒေသများတွင်    ထိခိုက် ပျက်စီးမှု    ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ထားမှု ၊ အရန်မျိုးစပါး စုဆောင်းထားရှိမှု၊     ကြိုတင် ပျိုးထောင်ထားရှိမှု၊    အစားထိုး သီးနှံစိုက်ပျိုးရန်     လျာထားမှု၊ တိရစ္ဆာန်ကာကွယ်ဆေးထိုးမည့် အစီအစဉ်များ၊ ပညာပေးဆောင် ရွက်ရန်     စီစဉ်ထားရှိမှုများ၊ ပြန်လည်ထူထောင်ရေးအတွက် ဆက်လက် ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြ ကြသည်။
ထို့နောက် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ  ပြည်ထောင်စုဝန်ကြီးက ပျက်စီးသွားသော   လယ်မြေများ အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး လိုအပ်သည့်မျိုးနှင့်   သွင်းအားစု များ ပံ့ပိုးနိုင်ရေး၊  အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ရေး ဝိုင်းဝန်း ဆောင်ရွက်ပေးရန်နှင့် ဆောင်ရွက် ပြီးလုပ်ငန်းများ ပြန်လည်သုံးသပ် သွားရန် မှာကြားခဲ့ကြောင်း  သိရ သည်။                    

သတင်းစဉ်