(၂၅ ) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ခရိုင်အဆင့်) ဖွင့်ပွဲအခမ်းအနားကျင်းပ

 

ပြင်ဦးလွင်   ဩဂုတ်    ၆


မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် ခရိုင်တွင် ၂၀၂၄ ခုနှစ် (၂၅ ) ကြိမ် မြောက်  ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု  အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ခရိုင် အဆင့် )   ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ပြင်ဦးလွင်မြို့ ရပ်ကွက် ကြီး (၅)ရှိ မြို့တော်ခန်းမ၌ ကျင်းပ သည်။


အဆိုပါ  ပြိုင်ပွဲဖွင့်ပွဲအခမ်း အနားတွင်   ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ  ဦးသန့်ဇော်ဦး၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး  ဒုတိယရဲမှူးကြီး   ဝဏ္ဏစိုးအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ အဖွဲ့ ဝင် ဦးစိုင်းအောင်ကြည်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးတင် အောင်လွင်နှင့်  ခရိုင်ပညာရေးမှူး (တာဝန်ခံ) ဦးခင်မောင်တိုးတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည် ။


ထို့နောက်   ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ    ဦးသန့်ဇော်ဦးက အမှာစကား      ပြောကြားပြီး   ပြင်ဦးလွင်မြို့နယ်  သဘင်အစည်း အရုံးဥက္ကဋ္ဌ  ဦးအောင်မင်း( ဒိုင်ချုပ်) က ဒိုင်အဖွဲ့ကိုယ်စားပြိုင်ပွဲ အမှတ် ပေးစည်းမျဉ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


၂၀၂၄  ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်    မြန်မာ့ ရိုးရာယဉ်ကျေးမှု  အဆို၊   အက၊ အရေး၊ အတီးပြိုင်ပွဲ(ခရိုင်အဆင့်) တွင်  ကဗျာလွတ်အက   ၁၈    ဦး  တစ်ဖွဲ့၊  ကျေးလက်အက  ၂၀ ဦး  နှစ်ဖွဲ့၊ အဆို  ၄၂  ဦး၊  တစ်ပင်တိုင် အက ၇၁ ဦး၊ အရေး နှစ်ဦး၊  အတီး နှစ်ဦး၊  စုစုပေါင်း ၁၁၇ ဦး     ပါဝင် ယှဉ်ပြိုင်လျက်ရှိပြီး   ဆုရရှိသော ပြိုင်ပွဲဝင်များကို    ဆုများထိုက်တန် စွာ   ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။    

ခရိုင် (ပြန်/ဆက်)