နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ လာရောက် ဂုဏ်ပြုပေးအပ်

 

နေပြည်တော် ဩဂုတ် ၆


နိုင်ငံတော်ကာကွယ်ရေးနှင့်   လုံခြုံရေး တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင် လျက်ရှိသော   လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက်   စေတနာရှင်  အလှူရှင်များက  စားသောက်ဖွယ်ရာများ    လာရောက် ဂုဏ်ပြု ပေးအပ်လျက်ရှိသည်။
ထိုသို့ ပေးအပ်လျက်ရှိရာ ဩဂုတ် ၅ ရက်နှင့်   ယနေ့တို့တွင်   စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊   လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ် သမားဝန်ကြီးဌာန၊   သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံးတို့မှ    ဝန်ထမ်းမိသားစုများနှင့် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ် ခြင်းကို နေပြည်တော်တိုင်း စစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌        ပြုလုပ်ရာ သက်ဆိုင်ရာ          ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန ချုပ်  တိုင်းမှူးနှင့်   တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များ တက်ရောက် ကြသည်။


 ဂုဏ်ပြုပေးအပ်
ထိုသို့        ပေးအပ်လှူဒါန်းရာတွင်  စီမံကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက   ငွေကျပ်သိန်း တစ်ရာ့ငါးဆယ်နှင့်  ငွေကျပ်သိန်းသုံးရာ တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်း ကောင်း၊   စိုက်ပျိုးရေး၊   မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ    ဝန်ထမ်း မိသားစုများက     ငွေကျပ်သိန်းတစ်ရာ့ နှစ်ဆယ်နှင့် ငွေကျပ်သိန်းငါးဆယ်တန်ဖိုး ရှိ    စားသောက်ဖွယ်ရာများကိုလည်း ကောင်း၊   စက်မှုဝန်ကြီးဌာနမှ  ဝန်ထမ်း မိသားစုများက    ငွေကျပ်လေးဆယ့် ငါးသိန်းကျော်တန်ဖိုးရှိ စားသောက်ဖွယ် ရာများကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ် ရေးနှင့်    ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ငွေကျပ်သိန်းနှစ် ရာ့ငါးဆယ် တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊   အလုပ်သမား ဝန်ကြီးဌာန   ဝန်ထမ်းမိသားစုများက ငွေကျပ်သိန်းနှစ်ရာ့ငါးဆယ်နှင့် ငွေကျပ် တစ်ရာ နှစ်ဆယ့်ကိုးသိန်းကျော်တန်ဖိုး ရှိ    စားသောက်ဖွယ်ရာများကိုလည်း ကောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ငွေကျပ်ရှစ်ဆယ့် လေးသိန်းတန်ဖိုးရှိ  စားသောက်ဖွယ်ရာများကိုလည်းကောင်း၊    အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ   ဝန်ထမ်း မိသားစုများက   ငွေကျပ်သိန်းတစ်ရာ့ တစ်ဆယ်တန်ဖိုးရှိ စားသောက်ဖွယ်ရာ များကိုလည်းကောင်း၊          ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ  ဝန်ထမ်းမိသားစုများ က ငွေကျပ်သိန်းခြောက်ဆယ်နှင့် ငွေကျပ် သိန်းလေးဆယ် တန်ဖိုးရှိ  စားသောက် ဖွယ်ရာများကိုလည်းကောင်း၊ ဗိုလ်လောင်း   သင်တန်းအမှတ်စဉ် (၈၅) ကျောင်းဆင်း အရာရှိ  မိသားစုများက  ငွေကျပ် ရှစ်ဆယ့် ငါးသိန်းကိုလည်းကောင်း လှူဒါန်းကြရာ  ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများ နှင့်  အလှူရှင်များက  တိုင်းမှူးထံ ဂုဏ်ပြု ပေးအပ်သည်။(အပေါ်ယာပုံ)  ယင်းနောက် တိုင်းမှူးက    ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး           ကျေးဇူးတင် စကားပြောကြားသည်။


လက်ခံရယူ
အလားတူ နိုင်ငံတော်ကာကွယ်ရေး နှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော   လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက်   ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ငွေကျပ် တစ်ရာသုံးဆယ့် နှစ်သိန်းနှင့် ငွေကျပ်နှစ်ရာလေးဆယ့် ခြောက်သိန်းကျော်တန်ဖိုးရှိ စားသောက် ဖွယ်ရာများကို   အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ်ဧည့်ခန်းမ၌လည်းကောင်း၊      မွန် ပြည်နယ်အစိုးရအဖွဲ့မှ     ငွေကျပ်သိန်း နှစ်ရာတစ်ဆယ့်နှစ်သိန်းကျော်     တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို   ပြည်နယ် အစိုးရအဖွဲ့ရုံးရှိ   ရာမညခန်းမ၌လည်း ကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ  ငွေကျပ်သိန်းတစ်ရာနှစ်ဆယ့်ကိုးသိန်းကျော်နှင့်  ငွေကျပ်သိန်းနှစ်ရာလေးဆယ့်တစ်သိန်းကျော်             တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို  ထားဝယ်မြို့ရှိ ရွှေဝယ်သဇင်ခန်းမ၌   လည်းကောင်း၊ မြန်မာနိုင်ငံ    အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ   စားသောက်ဖွယ်ရာများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်  ဧည့်ရိပ်သာ ခန်းမ၌လည်းကောင်း၊    ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ   ငွေကျပ်သိန်း သုံးရာတစ်ဆယ့် တစ်သိန်းကျော်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို   အနောက် တောင်တိုင်းစစ်ဌာနချုပ် ဧရာရွှေဝါခန်းမ ၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်သိန်းသုံးရာ တစ်ဆယ့် နှစ်သိန်းကျော်တန်ဖိုးရှိ စားသောက်ဖွယ် ရာများကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဧည့်ခန်းမဆောင်၌လည်းကောင်း တိုင်း ဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများနှင့်     ကော်မရှင်ဥက္ကဋ္ဌ တို့က    ပေးအပ်ရာ     တိုင်းမှူးများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ         ကျေးဇူးတင် စကားပြောကြားသည်။


အဆိုပါ စားသောက်ဖွယ်ရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏   လက်ဝယ် အရောက် ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်းစဉ်