ကလေးမြို့ရှိ မီးဘေးသင့်တောင်သူများအတွက် စက်သုံးဆီနှင့် ထွန်ယက်ခထောက်ပံ့ပေးအပ်

 

စစ်ကိုင်း  ဩဂုတ်  ၆


စစ်ကိုင်းတိုင်းဒေသကြီး   ကလေး မြို့တွင်    စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က      ကျောင်းတိုက် ကျေးရွာမှ မီးဘေးသင့်တောင်သူ  ၇၂    ဦးအား   စက်သုံးဆီနှင့် ထွန်ယက်ခ   ထောက်ပံ့ပေးအပ်ပွဲ ကို     ယနေ့နံနက်   ၁၀    နာရီက မြို့နယ် စုပေါင်းရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင်     ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး တင့်က  အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ၏ ထောက်ပံ့ငွေများကို  ခရိုင်စက်မှု လယ်ယာဦးစီးဌာန   လက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းထိုက်ထံ ပေးအပ်သည်။ ဆက်လက်၍ ခရိုင် စက်မှုလယ်ယာ        ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ကျောင်းတိုက်ကျေးရွာမှ တောင်သူ  ၇၂   ဦး၏  လယ်မြေဧက   ၃၀၀ အတွက်     ထောက်ပံ့ငွေကျပ် ၃၀၄၂၀၀၀၀  ကို တောင်သူများထံ ဆက်လက်ပေးအပ်သည်။


ကလေးခရိုင်တွင်      မိုးစပါး သီးနှံစိုက်ဧက     လျာထားချက် ၁၇၈၅၇၅   ဧကရှိရာ    ပန်းတိုင် အထွက်ရရှိရေးအတွက်   တာဝန် ရှိသူများက သင်တန်းပေးခြင်းနှင့် ကွင်းဆင်း    ဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း         သိရ သည်။           

ခရိုင် (ပြန်/ဆက်)