
မနီလာ ဩဂုတ် ၆
ဗီယက်နမ်ကမ်းခြေစောင့်သင်္ဘောတစ်စင်းသည် ပထမဆုံးအကြိမ် ပူးတွဲကမ်းခြေစောင့် လေ့ကျင့်မှု များပြုလုပ်ရန်အတွက် တနင်္လာနေ့ တွင် ဖိလစ်ပိုင်နိုင်ငံ၏မြို့တော် မနီလာမြို့သို့ ရောက်ရှိလာခဲ့ ကြောင်း သိရသည်။ ဗီယက်နမ် နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ရေကြောင်း ပူးပေါင်းဆောင်ရွက် မှု ခိုင်မာအားကောင်းစေရေးကို ရည်ရွယ်သည်ဟု ဆိုသည်။
တနင်္လာနေ့က အခမ်းအနား ဖြင့် ကြိုဆိုခဲ့သော ဗီယက်နမ် ကမ်းခြေစောင့်တပ်သင်္ဘောသည် ပူးတွဲရှာဖွေရေးနှင့် ကယ်ဆယ်ရေး လေ့ကျင့်မှုများအတွက် ဖိလစ်ပိုင် နိုင်ငံတွင် သောကြာနေ့အထိ ရှိနေမည်ဖြစ်သည်။ ဖိလစ်ပိုင် သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ ဟနွိုင်းသို့ အလည်အပတ်ရောက်ရှိ စဉ် ဇန်နဝါရီလတွင် ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့ ရေကြောင်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး သဘောတူခဲ့ကြသည်။
ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် ပြောရေးဆိုခွင့်ရှိသူက ပူးတွဲ လေ့ကျင့်မှုပြုလုပ်ရခြင်း၏ အရေးပါ မှုကို အလေးပေးပြောကြားခဲ့ သည်။
အင်န်အိတ်ချ်ကေ