
ရန်ကုန် ဩဂုတ် ၆
MPT-KSGM ပူးပေါင်းဆောင်ရွက်မှု (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် (၁၀) နှစ်ပြည့် အထူးဒေတာပက်ကေ့ချ်နှင့် (၁၀) နှစ်ပြည့် အထူးထိပေါက် ပက်ကေ့ချ်များကို မိတ်ဆက်ထားပြီဖြစ်ကြောင်း MPT က ဇူလိုင် ၃၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါ အထူးပက်ကေ့ချ်များသည် MPT-KSGM ပူးပေါင်း ဆောင်ရွက်မှု (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပေးအပ်လျက်ရှိသည့် ပရိုမိုးရှင်းအစီအစဉ် ၁၀ ခုထဲတွင် အပါအဝင် ဖြစ်ပြီး MPT သုံးစွဲသူများ အားလုံးသည် ကျပ် ၁၀၀၀ တည်းဖြင့် ပက်ကေ့ချ်များကို မိမိကြိုက်နှစ် သက်ရာနည်းလမ်းများဖြင့်ဝယ်ယူပြီး အစီအစဉ်တွင် ပါဝင်နိုင်ကြောင်း၊ အထူးဒေတာတွင် သုံးရက်စာ ဒေတာ 10 GB အတွက် ကျပ် ၁၀၀၀ ဖြင့် ပက်ကေ့ချ်ဝယ်ယူမှုတိုင်းအတွက် ငွေသားဆုလက်ဆောင် ကံစမ်း ခွင့် လက်မှတ်ငါးစောင်၊ အထူးထိပေါက်ပက်ကေ့ချ်တွင် ၃၀ ရက်စာ ဒေတာ 400MB ကို ဝယ်ယူခြင်းဖြင့် 10GB အထိ ဒေတာကံထူးခွင့် ရရှိမည့် ထိပေါက်ကစားခွင့်နှင့် ငွေသားဆုလက်ဆောင်ကံစမ်းခွင့် လက်မှတ်ငါးစောင်ကို ရရှိမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇင်ဦး