
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် အရှေ့အာရှအက်စစ်ဖြစ်ထွန်းမှု စောင့်ကြည့် တိုင်းတာရေးကွန်ရက် (Acid Deposition Moni-toring Network in East Asia- EANET) အဖွဲ့အစည်းတွင် အဖွဲ့ဝင်အဖြစ် ၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ပြီး၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များ၏ မြို့ကြီး ၄၁ မြို့ရှိ မိုးလေဝသနှင့် ဇလဗေဒစခန်း ၄၁ ခု (ပုံ-၁)တွင် ရွာသွန်းသောမိုးရေများကို စုဆောင်းကာ မိုးရေတွင် အက်စစ်ဖြစ်ထွန်းမှုအခြေအနေကိုသိရှိရန် မိုးရေ၏ pH တန်ဖိုးများတိုင်းတာခြင်းလုပ်ငန်းများကို လစဉ် ဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း မိုးရွာသွန်းခဲ့သည့် စခန်း ၃၁ စခန်းမှ မိုးရေနမူနာများ စုဆောင်းရယူ ခဲ့ပါသည်။ မိုးရေနမူနာတိုင်းတာရရှိခဲ့သည့် စခန်း ၃၁ စခန်းတို့မှ ရွာသွန်းခဲ့သော မိုးရေများ၏ pH တန်ဖိုးများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ စံသတ်မှတ်ထားသည့် သောက်သုံးရေအတွက် pH တန်ဖိုးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ စံသတ်မှတ် ထားသည့် သောက်သုံးရေအတွက် pH တန်ဖိုး 6.5 – 8.5 အတွင်းတွင်ရှိကြောင်း တိုင်းတာရရှိခဲ့ပါ သည်။
မိုးရေ၏ pH တန်ဖိုးသည် 5.6 အောက် ရောက်ရှိမှသာ အက်စစ်ဂုဏ်သတ္တိရှိသောကြောင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း မိုးရေနမူနာတိုင်းတာ ရရှိခဲ့သည့် စခန်း ၃၁ စခန်းတို့၌ ရွာသွန်းခဲ့သော မိုးရေများတွင် အက်စစ်ဖြစ်ထွန်းမှု အခြေအနေ မရှိကြောင်း တွေ့ရှိရပါသည်။
(ပုံ-၂)
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန