သတင်းပေးတိုင်ကြားမှုများကြောင့် တရားမဝင် ကုန်စည်များနှင့် အဆိုပါကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  သြဂုတ်  ၆  


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေး           ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော် ကောင်စီနယ်မြေအပါအဝင် တိုင်း ဒေသကြီး၊        ပြည်နယ်များတွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေး  အထူးအဖွဲ့များကို  ဖွဲ့စည်း၍ လည်းကောင်း၊ အကောက်ခွန်ဦးစီး ဌာနက ဦးဆောင်သည့် One Stop Service   ဌာနဆိုင်ရာအဖွဲ့များ ဖွဲ့စည်း၍လည်းကောင်း၊ နယ်စပ် ဝင်/ထွက်ဂိတ်များ၊           နယ်စပ် ကုန်သွယ်ရေးရုံးနှင့်    စခန်းများ၊ အမြဲတမ်းစစ်ဆေးရေးစခန်းများ၊ ကုန်သွယ်မှု    လမ်းကြောင်းတစ် လျှောက်နှင့်ကုန်ပစ္စည်း  သိုလှောင် ရုံများ၊           အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများနှင့်   လေဆိပ်များ၊ ကမ်းရိုးတန်း   ဆိပ်ကမ်းများတွင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိရာ   သတင်း အချက်အလက်ရရှိမှုသည် အလွန် အရေးပါလျက်ရှိသည်။


တာဝန်သိ          ပြည်သူများ၏ သတင်းပေး        တိုင်ကြားမှုများ ကြောင့်  ၂၀၂၄ ခုနှစ်  ဇူလိုင်လ အတွင်း သတင်းရရှိမှု  ၅၃  ကြိမ် ရရှိခဲ့ပြီး၊ သတင်းမှား  တစ်ကြိမ်၊ နောက်ကျသတင်း  နှစ်ကြိမ်နှင့် ဖမ်းဆီးရမိမှု အကြိမ်  ၅၀  ဖြစ် သည်။     သတင်းရရှိမှုကြောင့် ဖမ်းဆီးရမိ အမှုတွဲ ၅၆ မှု ဖွင့်လှစ် ထားပြီး    ဖမ်းဆီးရမိမှုများတွင် သစ်မျိုးစုံ၊  လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများဖြစ် သော ကုန်ပစ္စည်းအမျိုး ၃၀  အပါ အဝင် ခန့်မှန်းတန်ဖိုး  ငွေကျပ် ၁၁၉၈ ဒသမ ၈၇၆ သန်းနှင့် တရား မဝင်ကုန်စည်များ    တင်ဆောင် လာသည့်   မော်တော်ယာဉ်များ အပါအဝင်      လိုင်စင်မဲ့မော်တော် ယာဉ်များ ဖမ်းဆီးရမိခဲ့သည်။


၂၀၂၄ ခုနှစ်  ဇူလိုင်လအတွင်း သတင်းပေး      တိုင်ကြားခဲ့သည့် တာဝန်သိ   ပြည်သူများကိုလည်း ဖမ်းဆီးရမိမှု တန်ဖိုးကျပ် ၁၁၉၈ ဒသမ ၈၇၆ သန်း၏ ၂၀ ရာခိုင်နှုန်း ဖြစ်သော ငွေကျပ် ၂၃၉ ဒသမ ၇၇ သန်းကို သတင်းပေး ဆုကြေးငွေ အဖြစ်    ချီးမြှင့်ပေးသွားမည်ဖြစ် သည်။ ဌာနဆိုင်ရာတာဝန်ရှိသူများ က  သတင်းပေးဆုကြေးငွေကျပ် ၂၇၁ ဒသမ ၅၆၆ သန်းကို  ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဇူလိုင်လအတွင်း ချီးမြှင့်ခဲ့ပြီး ဖြစ်သည်။


ထို့ကြောင့် တာဝန်သိပြည်သူ များအနေဖြင့်            တရားမဝင် ကုန်သွယ်မှု           သတင်းများနှင့် ပတ်သက်၍    လက်ကိုင်ဖုန်း - ၀၉၄၀၄၃၃၉၉၆၉၊    အော်တို တယ်လီဖုန်းနံပါတ်  - ၀၆၇ - ၄၀၉၈၈၃   နှင့်    အီးမေးလ် antiillegaltradeinfo@gmail.com သို့ သတင်းပေးပို့တိုင်ကြားနိုင်ပါကြောင်း                 သတင်းရရှိ သည်။

သတင်းစဉ်