
နေပြည်တော် ဩဂုတ် ၇
မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ် အထူး ရန်ပုံငွေ (၂၀၂၃)ဖြင့် ဆောင်ရွက် သည့် စားသောက်ကုန်လုပ်ငန်း ကဏ္ဍတွင် စွမ်းအင်အကျိုးရှိ ထိရောက်စွာ သုံးစွဲရေးဆိုင်ရာ အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် စက်မှုဝန်ကြီး ဌာန ရုံးအမှတ်(၃၀) နေပြည်တော် ရှိ အစည်းအဝေးခန်းမမှ Virtual စနစ်ဖြင့် တက်ရောက်အမှာစကား ပြောကြားသည်။
တာဝန်ရှိသူများတက်ရောက်
ဆွေးနွေးပွဲသို့ စက်မှုဝန်ကြီး ဌာန စက်မှုပူးပေါင်းဆောင်ရွက် ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီအဖွဲ့ဝင်များ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(မြန်မာ)မှ ကိုယ်စားလှယ် များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ စားသောက်ကုန် လုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များနှင့် ဆက်စပ် အဖွဲ့အစည်းများမှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။
၂၀ ရာခိုင်နှုန်းလျှော့ချနိုင်ရန် ရည်မှန်းထား
ဦးစွာ ပြည်ထောင်စုဝန်ကြီး က စက်မှုဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စွမ်းအင် အကျိုးရှိထိရောက်စွာ သုံးစွဲရေး လုပ်ငန်းများကို တာဝန်ယူဆောင် ရွက်နေသည့် တာဝန်ခံဝန်ကြီးဌာန ဖြစ်သည့်အတွက် လုပ်ငန်းများကို ထိထိရောက်ရောက်နှင့် အရှိန် အဟုန်မြှင့် ဆောင်ရွက်ရန်လိုသည့် အတွက် အမျိုးသားအဆင့်စွမ်းအင် အကျိုးရှိ ထိရောက်စွာသုံးစွဲရေးနှင့် ထိန်းသိမ်းရေးမူဝါဒ၊ မဟာဗျူဟာ နှင့် ရှေ့လုပ်ငန်းစဉ်များကို ၂၀၁၆ ခုနှစ်တွင် ရေးဆွဲပြဋ္ဌာန်းထား ကြောင်း၊ မူဝါဒရည်မှန်းချက်အနေ ဖြင့် ၂၀၁၂ ခုနှစ် စွမ်းအင်သုံးစွဲမှုကို အခြေခံပြီး ၂၀၃၀ ပြည့်နှစ်တွင် ၂၀ ရာခိုင်နှုန်း လျှော့ချနိုင် ရန် ရည်မှန်းထားကြောင်း၊ မဲခေါင် - လန်ချန်း အစီအစဉ်ဖြင့် ဆောင်ရွက်မည့် စီမံကိန်းပါ လုပ်ငန်းများသည် စက်မှုကဏ္ဍနှင့် သက်ဆိုင်သည့် လုပ်ငန်းများဖြစ် ကြောင်း၊ စက်မှုကဏ္ဍ၌ စွမ်းအင် သုံးစွဲမှုများသည် စက်ရုံ အလုပ်ရုံ များတွင် စွမ်းအင်စီမံခန့်ခွဲမှုစနစ် ကျင့်သုံးနိုင်ရန်နှင့် စွမ်းအင် မန်နေဂျာများ မွေးထုတ်ပေးမှုကို တွန်းအားပေး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှု လုပ်ငန်းစဉ်များတွင်လည်း စွမ်းအင် အကျိုးရှိထိရောက်စွာ သုံးစွဲရေး နည်းပညာများကို အသုံးချရန်နှင့် စွမ်းအင်စွမ်းဆောင်ရည် မြင့်မား သည့် စက်နှင့် စက်ပစ္စည်း ကိရိယာများအသုံးပြု ဆောင်ရွက် သွားရန် စသည့်လုပ်ငန်းစဉ်များ ပါဝင်ကြောင်း၊ ထုတ်လုပ်မှုကဏ္ဍ တွင် ထုတ်လုပ်မှု ကုန်ကျစရိတ်၏ ၄၀ ရာခိုင်နှုန်းခန့်သည် စွမ်းအင် သုံးစွဲမှုစရိတ်များ ဖြစ်ကြောင်း၊ စွမ်းအင် အလေအလွင့် မရှိအောင် ဆောင်ရွက်ခြင်းဖြင့် ထုတ်လုပ်မှု တွင် စွမ်းအင်ကုန်ကျစရိတ်ကို လျော့နည်းသက်သာစေမည်ဖြစ် ကြောင်း၊ နိုင်ငံ၏စီးပွားရေးသည် စိုက်ပျိုးရေးကို အခြေခံသည့် စီးပွားရေးဖြစ်ပြီး စက်မှုဝန်ကြီး ဌာန၌ မှတ်ပုံတင်ထားသည့် စက်မှုလုပ်ငန်း စာရင်းအင်းအချက် အလက်များအရ ပြည်တွင်းစက်မှု လုပ်ငန်းအများစုသည် စားသောက် ကုန်ထုတ်လုပ်သည့် လုပ်ငန်းများ ဖြစ်ကြောင်း။
အကျိုးရှိအောင်မြင်သော အစီအစဉ်တစ်ခုဖြစ်
ထို့ကြောင့် ယခုစီမံကိန်းတွင် စွမ်းအင်အကျိုးရှိ ထိရောက်စွာ သုံးစွဲရေးလုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်ရန် အတွက် စားသောက်ကုန်လုပ်ငန်း များကို ဖြစ်နိုင်ခြေရှိသည့် ဦးစား ပေးလုပ်ငန်းများအဖြစ် ရွေးချယ် ထည့်သွင်း ဆောင်ရွက်ခြင်းဖြစ် ကြောင်း၊ ယခုဆွေးနွေးပွဲ သည် ရန်ကုန်မြို့တွင်ရှိသည့် စားသောက်ကုန်လုပ်ငန်းအများစု အတွက်ရည်ရွယ်ပြီး စွမ်းအင် အကျိုးရှိစွာသုံးစွဲရေး နည်းပညာ များ မျှဝေသွားမည်ဖြစ်ကြောင်း၊ စွမ်းအင် အကျိုးရှိထိရောက်စွာ သုံးစွဲရေးဆိုင်ရာ နည်းပညာများ နှင့် စားသောက်ကုန်လုပ်ငန်း ဆိုင်ရာ သတင်းအချက်အလက် များကို သက်ဆိုင်ရာပညာရှင်များ က ဆွေးနွေးပြောကြားပေးမည် ဖြစ်ကြောင်း၊ ယနေ့အသိပညာ မျှဝေခြင်းဆွေးနွေးပွဲသည် အကျိုး ရှိအောင်မြင်သော အစီအစဉ်တစ်ခု ဖြစ်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ပူးပေါင်းဆောင်ရွက်နေမှု ရှင်းလင်းဆွေးနွေး
ဆက်လက်၍ စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာန ညွှန် ကြားရေးမှူးချုပ်က စွမ်းအင် အကျိုးရှိထိရောက်စွာ သုံးစွဲနိုင် ရေးအတွက် ဆောင်ရွက်ခဲ့မှု၊ ညွှန်ကြားရေးမှူးက အစား အသောက် ထုတ်လုပ်မှုကဏ္ဍတွင် စွမ်းအင်အကျိုးရှိ ထိရောက်စွာ သုံးစွဲနိုင်ရေးအတွက် ဆောင်ရွက် နေမှု၊ အမျိုးသားအဆင့် အတိုင် ပင်ခံကိုယ်စားလှယ်က အစား အသောက်ထုတ်လုပ်မှု ကဏ္ဍ၌ နိုင်ငံတကာတွင် စွမ်းအင်အကျိုးရှိ ထိရောက်စွာ သုံးစွဲမှုနှင့်ပတ်သက် ၍ ကောင်းမွန်သည့် အလေ့အကျင့် များ၊ မြန်မာနိုင်ငံအစားအသောက် ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းကိုယ်စားလှယ်က အစား အသောက် ထုတ်လုပ်မှုကဏ္ဍတွင် စွမ်းအင်အကျိုးရှိ ထိရောက်စွာ သုံးစွဲရေးအတွက် ပူးပေါင်း ဆောင်ရွက်နေမှု၊ သိပ္ပံနှင့် နည်း ပညာဝန်ကြီးဌာန ကိုယ်စားလှယ် က အစားအသောက် ထုတ်လုပ်မှု ကဏ္ဍတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးပြုရန် လမ်းညွှန် ချက်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ ကိုယ်စားလှယ်က စွမ်းအင်အကျိုးရှိ ထိရောက် စွာ ဆောင်ရွက်နိုင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်နေမှု အခြေ အနေတို့ကို ရှင်းလင်းဆွေးနွေး ကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခြင်း၊ အကြံပြုဆွေးနွေးခြင်း၊ စွမ်းအင် အကျိုးရှိထိရောက်ရန် ဆောင်ရွက် နိုင်ရေးအတွက် နည်းလမ်းများ ချမှတ်ခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်