MNDAA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကို လုံးဝ လက်မခံကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း အသင်းအဖွဲ့များမှ သဘောထားများ ထုတ်ပြန်

 

နေပြည်တော်    ဩဂုတ်    ၇  


MNDAA  အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည်    ရှမ်းပြည်နယ် (မြောက်ပိုင်း)၊  လားရှိုးမြို့တွင်   စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် တပ်မတော်ဆေးရုံနှင့်   ရပ်ကွက်များအတွင်းသို့   ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် Drone များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေကြသည့်  ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ   ဝန်ထမ်းများနှင့်   လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင် များ ထိခိုက်သေဆုံးခဲ့ရပြီး အချို့ကို   အဓမ္မဖမ်းဆီး ခေါ်ဆောင်သွား ကြောင်းနှင့်   ဒေသခံပြည်သူအချို့မှာလည်း   ယာယီနေရပ်စွန့်ခွာ နေရသည်။


ထိုကဲ့သို့      MNDAA    အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏   စစ်ရာဇဝတ်မှု(War Crime)မြောက်သည့် လူမဆန်စွာရက်စက် ယုတ်မာ ရိုင်းစိုင်းသော အကြမ်းဖက်လုပ်ရပ်များကို လုံးဝလက်မခံကြောင်းနှင့် ပြင်းထန်စွာ  ကန့်ကွက်ရှုတ်ချကြောင်း ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်း YMBA (ရှမ်းပြည်နယ်) နှင့်   ကိုးကန့်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း(ရန်ကုန်)တို့က    သဘောထားများ   အသီးသီး ထုတ်ပြန်ခဲ့ကြကြောင်း သတင်းရရှိသည်။               

သတင်းစဉ်