
ဂါဇာ ဩဂုတ် ၇
အီရန်နိုင်ငံ၌ လုပ်ကြံခံခဲ့ရသော အစ္စမေးလ် ဟာနီယေး၏နေရာကို ဆက်ခံရန် ဂါဇာကမ်းမြောင်ဒေသ ၏ နိုင်ငံရေး ခေါင်းဆောင်သစ် အဖြစ် ယာယာဆင်ဝါးကို ရွေးချယ် လိုက်ကြောင်း ဟားမားစ်အဖွဲ့ က အင်္ဂါနေ့တွင် ပြောကြား လိုက်သည်။
ဆင်ဝါးသည် အစ္စရေးက ဟားမားစ်အဖွဲ့ကို သုတ်သင် ရှင်းလင်းရန် ပစ်မှတ်ထားနေသော အဓိကပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလတွင် အစ္စရေးကို ကြီးမားသည့် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ရာ၌ ကြိုးကိုင် ခြယ်လှယ်သူဖြစ်ကြောင်း အစ္စရေး တပ်မတော်က ၎င်းကို စွပ်စွဲ ထားသည်။
ဆင်ဝါးကို ခေါင်းဆောင် အဖြစ် ခန့်အပ်လိုက်ခြင်းသည် အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုအပေါ် သက်ရောက်မှု ရှိနိုင်ကြောင်း လေ့လာသူများက ပြောသည်။ စေ့စပ်ညှိနှိုင်းဆွေးနွေး မှု လုပ်ငန်းစဉ်သည် ပို၍ရှုပ်ထွေး လာနိုင်ပြီး ဆွေးနွေးပွဲများ ရပ်တန့် သွားနိုင်ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ