
နေပြည်တော် ဩဂုတ် ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီ မြို့အား ဇူလိုင်လအတွင်း တပ်မတော်မှ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၁၃ ဦး သေဆုံး ပြီး ၂၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ သည်ဟု တရားမဝင် ပြည်ဖျက် မီဒီယာများက မဟုတ်မမှန် ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အလားတူ မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့နယ်နှင့် စဉ့်ကူးမြို့နယ်တို့ရှိ ကျေးရွာများ ကိုလည်း တပ်မတော်မှ ဩဂုတ် ၅ ရက်နှင့် ၆ ရက်တို့တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် မှုကြောင့် ပြည်သူများသေဆုံးပြီး စာသင်ကျောင်း၊ ဆေးရုံနှင့် ဈေးဆိုင်များ ပြိုကျပျက်စီးခဲ့ဟု တရားမဝင် ပြည်ဖျက်မီဒီယာများ က မဟုတ်မမှန် ရေးသားဖြန့်ဝေ နေသည်ကို တွေ့ရှိရသည်။
တပ်မတော်အနေဖြင့် အကြမ်း ဖက်မှု ချေမှုန်းရေးစစ်ဆင်ရေး (Counter-Terrorism Operation) ကို ဆောင်ရွက်နေသည့် ကာလ အတွင်း တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ဒေသခံပြည်သူ လူထု၏ သတင်းပေးပို့မှုများဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းနေထိုင်သည့် နေရာများ ကိုသာ ပစ်မှတ်ထား၍ အကြမ်း ဖက်မှုနှိမ်နင်းရေးကို ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်လျက်ရှိ သည်။
သို့သော် အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်ဘက်ပစ်မှတ်များအား Drop Bomb များ၊ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုများကြောင့် ဒေသခံ ပြည်သူများ သေဆုံးခဲ့ရသည်ကို အကြမ်းဖက်အားပေး ပြည်ဖျက် မီဒီယာများက နိုင်ငံတကာမှ တပ်မတော်အပေါ် အထင်အမြင် လွဲမှားစေရန်နှင့် အကြမ်းဖက် သောင်းကျန်းသူများ၏ လုပ်ရပ် များကို ဖုံးကွယ်ရန်အတွက် လူမှု ကွန်ရက်မှတစ်ဆင့် ဖြစ်စဉ်မှန်ကန် မှုမရှိသည့် သတင်းမှားများကို လုပ်ကြံရေးသား ဖြန့်ဝေနေခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်