ဆိပ်ဖြူကြက်သွန်နီ ဈေးနှုန်းဈေးကွက်အခြေအနေ

 

မကွေးတိုင်းဒေသကြီး          ဆိပ်ဖြူမြို့နယ်သည်       ကြက်သွန်နီသီးနှံကို     ဒေသစီးပွားဖြစ်     စိုက်ဧက အများဆုံး စိုက်ပျိုးလျက်ရှိပြီး မြို့ပေါ်ရှိ ကြက်သွန်နီ ပွဲရုံများသို့    ကြက်သွန်နီများ   နေ့စဉ်ဝင်ရောက်၍ အရောင်းအဝယ်    ဖြစ်လျက်ရှိကြောင်း၊     ဇူလိုင်လ အတွင်း တစ်ရက်လျှင် ကြက်သွန်နီ ပျမ်းမျှပိဿာချိန်   တစ်သောင်းခွဲမှ     သုံးသောင်းခန့်အထိ    ဝင်ရောက် လျက်ရှိကြောင်း၊  ဒေသတွင်း  ပင်စိုက်ကြက်သွန်နီ သီးနှံများ       အများဆုံး       စိုက်ပျိုးလျက်ရှိသော ယောချောင်း၊ ချစ်ချောင်း၊ ချတောက်၊ ရွာသစ်ကြီး၊ ရေပုတ်၊ ကံတွင်း၊ အနောက်ကမ်းဖြူ၊ လယ်သာဝ၊ အင်းဂံ    စသည့်ကျေးရွာများနှင့်   ချောက်၊   ပွင့်ဖြူ၊ စလင်းမြို့အတွင်းရှိ     ကျေးရွာများမှ      အများဆုံး ဝင်ရောက်၍        အရောင်းအဝယ်ဖြစ်လျက်ရှိရာ       ဇူလိုင်လအတွင်း ကြက်သွန်နီ   ပိဿာချိန်   စုစုပေါင်း   ခုနစ်သိန်းခန့်    ဝင်ရောက်ခဲ့ကြောင်း   ဈေးကွက်မှ သိရသည်။


ဇူလိုင်လအတွင်း     ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကြက်သွန်နီ  ပိဿာချိန် ခြောက်သိန်းခန့်၊  ပြည်မြို့နှင့် ပုသိမ်မြို့သို့  ကြက်သွန်နီပိဿာချိန် တစ်သိန်းခွဲခန့်၊  မော်လမြိုင်မြို့သို့ ကြက်သွန်နီပိဿာချိန် ငါးသောင်း ခန့် စုစုပေါင်းကြက်သွန်နီပိဿာချိန် ရှစ်သိန်းခန့်၊ တန်ချိန်အားဖြင့် ၁၃၀၆ တန်ခန့် ကုန်စည်စီးဆင်း ခဲ့ပြီး ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့  ကြက်သွန်နီပိဿာ ချိန် အများဆုံးတင်ပို့လျက်ရှိပြီး ပြည်ပဈေးကွက် အနေဖြင့်     မော်လမြိုင်ဝယ်လက်များမှတစ်ဆင့်   ထိုင်းနှင့်  ဗီယက်နမ်နိုင်ငံတို့သို့ တင်ပို့လျက်ရှိကြောင်း ဈေးကွက်မှ သိရှိရသည်။                 

DOCA (မကွေး)