
၁။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ရေးအဖွဲ့သည် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအသစ်ဖွဲ့စည်းရေးအတွက် ကိုယ်စားလှယ်လောင်းအဆိုပြုလွှာများ တင်သွင်း နိုင်ရန် ၁-၇-၂၀၂၄ ရက်နေ့ နိုင်ငံပိုင်သတင်းစာများတွင် ဖိတ်ခေါ်ထားရှိခဲ့ပြီး အဆိုပြုလွှာများကို ၃၀-၇-၂၀၂၄ ရက်နေ့အတွင်း ပြန်လည်တင်သွင်းရန် သတ်မှတ်ထားရှိခဲ့ပါသည်။ ရွေးကောက်တင်မြှောက် ခံမည့် ကောင်စီဝင်လောင်းအမည်စာရင်းအား သီးသန့်ထပ်မံကြေညာသွားမည်ဖြစ်ပါသည်။
၂။ သို့ဖြစ်ပါ၍ သတင်းမီဒီယာနည်းဥပဒေများ ၉၊ နည်းဥပဒေခွဲ(က)နှင့်(ခ)အရ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပသွားမည် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်-
(က) နေ့ရက် - ၁၀-၉-၂၀၂၄ (အင်္ဂါနေ့)
( ခ ) နေရာ - အမှတ်(၂၂၈)၊ သိမ်ဖြူလမ်း၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ ဗဟိုပုံနှိပ်စက်ရုံဝင်း၊ ပထမထပ်၊ စုဝေးခန်းမ၊ ဗိုလ်တထောင်မြို့နယ်။
( ဂ ) အချိန် - နံနက်(၁၀:၀၀)နာရီ။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်ရွေးချယ်တင်မြှောက်ရေးအဖွဲ့