ရခိုင်ပြည်နယ်ဝန်ကြီးချုပ် စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်း၌ လူသုံးကုန်ပစ္စည်းများနှင့် တည်ဆောက်ရေးပစ္စည်းများ ရောက်ရှိလာမှု ကြည့်ရှုစစ်ဆေး

 

စစ်တွေ   ဩဂုတ်   ၈
အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ  စီမံခန့်ခွဲမှုကော်မတီ၏ ညွှန်ကြားမှုအရ     ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပို့ဆောင်ဆက်သွယ် ရေးလုပ်ငန်းကော်မတီ၏   စီစဉ် ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေး   ပစ္စည်း များကို သင်္ဘောများဖြင့် ပို့ဆောင် ပေးလျက်ရှိရာ စစ်တွေမြို့ ဘက်စုံ သုံးဆိပ်ကမ်း၌     အမ်ဗွီကုမုဒြာ သင်္ဘောဖြင့် ရန်ကုန်မြို့မှ  လူသုံး ကုန်ပစ္စည်းများနှင့် တည်ဆောက် ရေးပစ္စည်းများ  ရောက်ရှိလာမှု ကို     ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများသည် ဩဂုတ် ၇ ရက်က သွားရောက်ကြည့်ရှု     စစ်ဆေး သည်။
အမ်ဗွီကုမုဒြာ သင်္ဘောတွင်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှပေးပို့သည့် ဆန် ၂၄ ပြည် အိတ် ၇၈၉၇ အိတ်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က မှာယူသည့် ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများ စုစုပေါင်း ၄၀၄ ဒသမ ၇၅ တန် တင်ဆောင်၍ စစ်တွေမြို့သို့  ရောက်ရှိလာခြင်း ဖြစ်သည်။
အဆိုပါ         ပစ္စည်းများကို ကုန်တင်ကုန်ချ   ပြုလုပ်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်နှင့်  တာဝန် ရှိသူများက  သွားရောက်ကြည့်ရှု စစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ် က ရောက်ရှိလာသော ကုန်ပစ္စည်း များကို   မိုးလေဝသအခြေအနေ အပေါ်မူတည်ပြီး       စနစ်တကျ အတင်အချပြုလုပ်နိုင်ရေး၊ ကုန် ပစ္စည်းများ  ပျက်စီးဆုံးရှုံးမှုမဖြစ် စေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်း စွာ     ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားပြီး  လိုအပ်သည်များကို တာဝန်ရှိသူများနှင့်   ပေါင်းစပ် ညှိနှိုင်းပေးသည်။
ဆက်လက်၍     ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါ ဆိပ်ကမ်း၌ အမ်ဗွီ - ရွှေသုဝဏ်နှင့် အမ်ဗွီ- အောင်ရတနာသင်္ဘောတို့မှ ဆန်နှင့်   စားသောက်ကုန်ပစ္စည်း များကို   အတင်အချပြုလုပ်နေမှု ကို သွားရောက်ကြည့်ရှုစစ်ဆေး သည်။
ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်   စစ်တွေမြို့ ပွိုင့်ကမ်းခြေရှိ     ပွိုင့်-စစ်တွေ ဟိုတယ်လမ်းပိုင်း၌     ပြန်လည် ပြုပြင်ဆဲဖြစ်သည့်   လမ်းအပိုင်း ကို အမြန်ဆုံးပြီးစီးအောင်ပြုပြင် နိုင်ရေး     သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)ဓာတ်ပုံ- ဝင်းမင်းစိုး