နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများ ပေးအပ်ချီးမြှင့်

 

နေပြည်တော်   ဩဂုတ်  ၈
၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသ ကြီး အသက် ၂၁ နှစ်အောက် အမျိုး သားဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း     အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင်   နေပြည် တော်ရှိ   ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း ၌ကျင်းပရာ       နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     အတွင်း ရေးမှူး     ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး     တက်ရောက် ကြည့်ရှုအားပေးပြီး     ဆုများ ပေးအပ်ချီးမြှင့်သည်။
အခမ်းအနားသို့  နိုင်ငံတော် စီမံအုပ်ချုပ်ရေး      ကောင်စီဝင် များ၊  ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်မှ    အဆင့်မြင့်အရာ ရှိကြီးများ၊   ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ      အကြီးအကဲများ၊ မြန်မာနိုင်ငံ   ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊   ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ  ပြိုင်ပွဲဝင် အသင်းအုပ်ချုပ်သူများ၊   နည်းပြ များနှင့်   အားကစားသမားများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ နှင့်   ဝန်ထမ်းများ၊   အားကစား ဝါသနာရှင်များ    တက်ရောက် ကြည့်ရှုအားပေးကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ အတွင်းရေးမှူးသည် အခမ်းအနားသို့     တက်ရောက် လာကြသူများနှင့်အတူ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်     တိုင်းဒေသကြီး အသက် ၂၁ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲစဉ်အဖြစ် ကချင်ပြည်နယ်အသင်းနှင့်  မွန် ပြည်နယ်အသင်းတို့     ယှဉ်ပြိုင် ကစားနေမှုကို ကြည့်ရှုအားပေးကြ သည်။
အဆိုပါပွဲစဉ်တွင်    နှစ်ဖက် အသင်းများသည်   ဗိုလ်လုပွဲသို့ တက်ရောက်လာကြသည့်အသင်း များဖြစ်သည်နှင့်အညီ  တစ်ဖက် နှင့်တစ်ဖက်    အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာ    ကချင် ပြည်နယ်အသင်းက မွန်ပြည်နယ် အသင်းကို ခြောက်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိသည်။
ပြိုင်ပွဲအပြီးတွင်  ဆုချီးမြှင့် ခြင်းအခမ်းအနားကို ဆက်လက် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ကောင်စီဝင်များဖြစ် ကြသည့် ဦးရန်ကျော်၊ ဦးရွှေကြိမ်း၊ ခွန်စံလွင်နှင့်     ဒေါက်တာဘရွှေ တို့က အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံး       နောက်တန်း အားကစားသမားဆု၊    အကောင်း ဆုံးအလယ်တန်း အားကစားသမား ဆု၊  အကောင်းဆုံး      ရှေ့တန်း အားကစားသမားဆုနှင့်         ပွဲစဉ် တစ်လျှောက်       အကောင်းဆုံး အားကစားသမားဆု  ရရှိကြသူ  များကို တစ်ဦးချင်း ဆုတံဆိပ်များ နှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ် ချီးမြှင့်ကြသည်။
ထို့နောက်      ကောင်စီဝင် ဒေါက်တာမှုထန်က စတုတ္ထဆုရရှိ သည့်      ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို   လည်း ကောင်း၊  ကောင်စီဝင်    ပိုးရယ် အောင်သိန်းက  တတိယဆုရရှိ သည့်         ရန်ကုန်တိုင်းဒေသကြီး အသင်းကို      လည်းကောင်း၊ ကောင်စီဝင် ဒေါ်ဒွဲဘူက   ဒုတိယ ဆုရရှိသည့် မွန်ပြည်နယ်အသင်း ကို လည်းကောင်း   တစ်ဦးချင်း ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေ များကို ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ပြည်ထဲ ရေးဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး     ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က    ပထမဆုရရှိသည့် ကချင်ပြည်နယ်အသင်းကို တစ်ဦး ချင်းဂုဏ်ပြုဆုတံဆိပ်များ ပေးအပ် ချီးမြှင့်သည်။
ဆက်လက်၍    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ       အတွင်း ရေးမှူး      ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက  ပထမဆုရရှိ သည့်    ကချင်ပြည်နယ်အသင်းကို ဂုဏ်ပြု ဆုငွေနှင့်    တံခွန်စိုက်ဆုဖလား       ပေးအပ်ချီးမြှင့်ပြီး        အားကစား သမားများကို     ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်း ဒေသကြီး အသက် ၂၁ နှစ်အောက် အမျိုးသား     ဘောလုံးပြိုင်ပွဲကို မြန်မာ့ဘောလုံးအားကစား ဖွံ့ဖြိုး တိုးတက်စေရန်နှင့်     ထူးချွန် ထက်မြက်သည့် လူငယ်သွေးသစ် ဘောလုံးသမားများ ထွက်ပေါ်လာ စေရန်ရည်ရွယ်၍    ကျင်းပပေးခဲ့ ခြင်းဖြစ်ပြီး   ပြည်နယ်နှင့်  တိုင်း ဒေသကြီးတို့မှ   ပြိုင်ပွဲဝင်အသင်း ၁၅ သင်းမှ အားကစားသမားများ က  ဇူလိုင် ၂၃ ရက်မှ ဩဂုတ် ၈ ရက်အထိ    ယှဉ်ပြိုင်ကစားခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်