ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်း

 

နေပြည်တော်  ဩဂုတ်   ၈
နိုင်ငံတော်ကာကွယ်ရေးနှင့်  လုံခြုံ ရေးတာဝန်များကို      စွန့်လွှတ် စွန့်စားလိုစိတ်      ထက်သန်စွာဖြင့် စွမ်းစွမ်းတမံ ထမ်းဆောင်နေကြ ပြီး    ပြည်သူလူထု၏    အသက် အိုးအိမ်စည်းစိမ်များကို  ကိုယ်ကျိုး စွန့်၍ ကာကွယ်စောင့်ရှောက်ပေး နေကြသည့်     ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက်       ပြည် ထောင်စုဝန်ကြီးဌာနများ၊    တိုင်း ဒေသကြီးနှင့်    ပြည်နယ်အစိုးရ အဖွဲ့များမှ       ဝန်ထမ်းများနှင့် မိသားစုများ၊ စေတနာရှင် အလှူရှင် များက         အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို  ပေးပို့ လှူဒါန်းလျက်ရှိသည်။
ပေးအပ်လှူဒါန်း
ပို့ဆောင်ရေးနှင့်  ဆက်သွယ် ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစု များက    စေတနာမေတ္တာအပြည့် ဖြင့်  ရှေ့တန်းမြေသို့  ပေးပို့နိုင်ရေး အတွက် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းက      ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသည့် ငွေကျပ် သိန်း ၃၀၀ တန်ဖိုးရှိ    စည်သွပ်အသား/   ငါး စုစုပေါင်း ၄၃၅၇ ဘူးကို  ဩဂုတ် ၇ ရက် မွန်းလွဲပိုင်းက နေပြည်တော် တိုင်းစစ်ဌာနချုပ်သို့   သွားရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း    သိရ သည်။
ကြည့်ရှုအားပေး
အလားတူ    ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက်  အလှူငွေ များနှင့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းနိုင်ရန် အလုပ်သမား ဝန်ကြီးဌာန  ဝန်ထမ်းမိသားစုများ က   စာနာမှု၊   စေတနာ၊   မေတ္တာ အပြည့်ဖြင့်      ကိုယ်တိုင်စုပေါင်း ချက်ပြုတ်ကြော်လှော်ပြီး ပြင်ဆင် ထုပ်ပိုးနေမှုများကို ဩဂုတ် ၅ ရက် က        ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့်   ဒုတိယဝန်ကြီး ဦးဝင်းရှိန်တို့က  လိုက်လံကြည့်ရှု အားပေးကြသည်။
အလုပ်သမား   ဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက  ရှေ့တန်း ရောက်  တပ်မတော်သားများနှင့် လုံခြုံရေး   တပ်ဖွဲ့ဝင်များအတွက် စည်သွပ်ဘူး(ငါးကြင်းပဲငါးပိပေါင်း၊ ငါးဆုပ်ဟင်း၊    ဆိတ်သားဟင်း) ၁၂၀၀၊    ဆာဒင်းငါးသေတ္တာဘူး ၄၀၀ ၊  ငါးရံ့/ကြက်သားဆန်ပြုတ် အထုပ် ၈၀၀၊   ရှူးရှဲလက်ဖက်ထုပ် ၈၀၀ ၊      ကိုယ်တိုက်ဆပ်ပြာတုံး ၄၀၀၊ ဂွေးသီးငါးပိချက်အထုပ် ၄၀၀၊ ငါးပိရည်ထုပ် ၄၀၈ ထုပ်၊   ပုစွန် ငါးပိထောင်ဘူး   ၄၀၀၊       အာပြဲ ခြောက်ကြော်ထုပ် ၄၀၀ ၊ ပုန်းရည် ကြီးထုပ် ၄၀၀၊ ချိုချဉ်ထုပ် ၄၀၀၊ ဆေးလိပ်ဆေး    ပိဿာ    ၃၀ ၊ သွားတိုက်ဆေး/ သွားတိုက်တံ အစုံ  ၄၀၀၊  တစ်ခါသုံးမုတ်ဆိတ်ရိတ်ဓား ၁၆၀၀၊  ကြယ်နီဆေးလိပ် ၈၀၀၀ နှင့် ဝန်ထမ်းမိသားစုများ ကိုယ်တိုင် ချက်ပြုတ်ကြော်လှော်ထားသည့် ဗာလချောင်ကြော်    ပိဿာ   ၄၀ စုစုပေါင်းငွေကျပ်သိန်း ၁၃၀ ခန့် တန်ဖိုးရှိပစ္စည်းများကို     ပေးပို့ လှူဒါန်းနိုင်ရေး   စီစဉ်ဆောင်ရွက် ကြပြီး အဆိုပါ စားသောက်ဖွယ်ရာ များနှင့်အတူ ဝန်ထမ်းမိသားစုများ က “နိုင်ငံတော်နှင့်  နိုင်ငံသားတို့ရဲ့ အသက်အိုးအိမ်   စည်းစိမ်ဥစ္စာကို အသက်ပေးကာကွယ်စောင့်ရှောက် နေကြတဲ့       ရှေ့တန်းရောက် တပ်မတော်သားများ       အားလုံး ကျန်းမာပါစေ၊    ဘေးအန္တရာယ် ကင်းဝေးပါစေ၊    တရားသောစစ် ဆင်နွှဲနေတဲ့ တပ်မတော်သားများ အားလုံး    အိမ်ပြန်လာမည့်နေ့ကို မိသားစုတွေနှင့်အတူ အောင်သပြေ ပန်းနှင့်  ကြိုဆိုနေပါ့မယ်”  အစရှိ သည့်   ဆုတောင်းမေတ္တာစာလွှာ များကိုလည်း   ထည့်သွင်းပေးပို့ သွားမည်ဖြစ်သည်။
ပြင်ဆင်ထုပ်ပိုး
ထို့အတူ    ဩဂုတ်  ၆   ရက် နံနက်ပိုင်းက တပ်မတော်သားများ၊ လုံခြုံရေး    တပ်ဖွဲ့ဝင်များအတွက် ပေးပို့လှူဒါန်းရန်   အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်း မိသားစုများက  စာနာမှု၊  မေတ္တာ၊ စေတနာအပြည့်ဖြင့်   ကိုယ်တိုင် ချက်ပြုတ်ကြော်လှော်ပြီး ပြင်ဆင် ထုပ်ပိုးနေမှုများကို ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံနှင့်  ဒုတိယ ဝန်ကြီးများက   လိုက်လံကြည့်ရှု အားပေးကြသည်။
အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ က ရှေ့တန်းရောက်တပ်မတော် သားများနှင့်      လုံခြုံရေးတပ်ဖွဲ့ဝင် များအတွက်    ငါးခြောက်ကြော် ဘူး   ၁၅၀၀ ၊   ပုစွန်ခြောက်ကြော် ဘူး  ၁၅၀၀၊    ငါးပိထောင်းဘူး   ၁၅၀၀၊ အသင့်စားခေါက်ဆွဲခြောက် အထုပ် ၃၀၀၀၊  ကော်ဖီမစ်အထုပ် ၃၀၀၀၊   ချိုချဉ်အလုံး ၁၅၀၀၀ နှင့် ကြယ်နီဆေးပေါ့လိပ်     အလိပ် ၁၀၀၀၀   စုစုပေါင်းငွေကျပ်   ၁၁၂ သိန်းတန်ဖိုးရှိ ပစ္စည်းများကို ပေးပို့ လှူဒါန်းသွားမည်ဖြစ်သည်။
အဆိုပါ    စားသောက်ဖွယ်ရာ များနှင့်အတူ      ဝန်ကြီးဌာနမှ အရာထမ်း/ အမှုထမ်းများ၊   နိုင်ငံ့ ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားများနှင့်  လူငယ် လက်ရွေးစင်   အားကစားသမား များက  “တရားသောစစ်    ဆင်နွှဲ ကြသော    စစ်သည်တော်အပါင်း ဘေးရန်ကင်းလို့   အောင်ပန်းဆင် နိုင်ပါစေ”  ၊    “ရှေ့တန်းရောက် စစ်သည်တော်အပေါင်း အန္တရာယ် ကင်းလို့   တိုက်ပွဲတိုင်းအောင်မြင် ပါစေ”    အစရှိသည့်   ဆုတောင်း မေတ္တာစာလွှာများကို  ထည့်သွင်း ပေးပို့ခဲ့ကြသည်။
ပေးအပ်လှူဒါန်း
အလားတူ  ဩဂုတ်  ၆  ရက် မွန်းလွဲပိုင်းက    ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက်    ဂုဏ်ပြု ချီးမြှင့်ငွေများနှင့်  စားသောက်ဖွယ် ရာများ ပေးအပ်ပွဲအခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ် မြို့ ရွှေဝယ်သဇင်ရိပ်သာ၌ ကျင်းပ ပြီး       တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊  တိုင်းဒေသကြီး တရား လွှတ်တော်      တရားသူကြီးချုပ်၊  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ တို့က        ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများကို ပေးအပ် လှူဒါန်းရာ   တိုင်းမှူးနှင့် တာဝန်ရှိ သူများက လက်ခံရယူကြသည်။
တနင်္သာရီ        တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်     ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများက  ရှေ့တန်း ရောက်   တပ်မတော်သားများနှင့် လုံခြုံရေး     တပ်ဖွဲ့ဝင်များအတွက် ငါးနီတူ၊ ပုစွန်ငါးပိချက်၊ ဗာလချောင် ကြော်၊    ဆေးပေါ့လိပ်၊   ကော်ဖီ၊ ခေါက်ဆွဲခြောက်၊      လက်ဖက် အကြော်စုံ၊      ချိုချဉ်    စသည့် စားသောက်ဖွယ်ရာ    ပစ္စည်းများ လှူဒါန်းနိုင်ရေး  ဝိုင်းဝန်းပြင်ဆင် ဆောင်ရွက်ခဲ့ကြသည့်      အပြင် စားသောက်ဖွယ်ရာများနှင့်အတူ “တပ်မတော်သားများရဲ့ အောင်မြင် မှု၊ ပြည်သူလူထုရဲ့ ငြိမ်းချမ်းမှုများ ကို စောင့်မျှော်လျက်  တပ်မတော် သားများကို  ချစ်တဲ့  ပြည်သူတွေ အများကြီးရှိပါတယ်။ တပ်မတော် သားများရဲ့အောင်ပွဲဟာ ပြည်သူ့ အောင်ပွဲပါ”   စသည့်  ဆုတောင်း မေတ္တာစာလွှာများကို  ထည့်သွင်း ပေးပို့ခဲ့ကြသည်။
ရှေ့တန်းရောက်  တပ်မတော် သားများနှင့်   လုံခြုံရေးတပ်ဖွဲ့ဝင် များအတွက်     ထားဝယ်ခရိုင်မှ ဂုဏ်ပြုချီးမြှင့် ငွေကျပ် ၁၂၉၄၀၀၀၀၊ ပစ္စည်းတန်ဖိုးငွေကျပ် ၂၄၁၃၁၃၀၀ စုစုပေါင်းငွေကျပ်    ၃၇၀၇၁၃၀၀၊ မြိတ်ခရိုင်မှ ပစ္စည်းတန်ဖိုးငွေကျပ် ၂၃၀၀၅၅၄၀၊  ကော့သောင်းခရိုင်မှ ပစ္စည်းတန်ဖိုးငွေကျပ် ၁၁၁၈၃၀၀၀၊ ဘုတ်ပြင်းခရိုင်မှ    ပစ္စည်းတန်ဖိုး ငွေကျပ် ၂၃၀၀၅၅၄၀ တို့ကို မေတ္တာ ဖြင့် ပေးအပ်လှူဒါန်းခဲ့ကြသည်။
ထို့ပြင်   ဩဂုတ် ၅ ရက်က တပ်မတော်သားများနှင့်  လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက်  မန္တလေး တိုင်းဒေသကြီးအတွင်းမှ စေတနာ ရှင်   အလှူရှင်များက    ဂုဏ်ပြု ပေးအပ်သည့်  စားသောက်ဖွယ်ရာ များကို မန္တလေးမြို့တော်စည်ပင် သာယာရေးရုံး   မြို့တော်ခန်းမ၌ စနစ်တကျ ပြင်ဆင်ထုပ်ပိုးဆောင် ရွက်ကြရာ  မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်         ဦးမျိုးအောင် က     စားသောက်ဖွယ်ရာများကို ကိုယ်တိုင်ကြော်လှော်နေမှု၊ စနစ် တကျ   ထုပ်ပိုးပြင်ဆင်နေမှုများ ကို    တက်ညီလက်ညီ   စိတ်အား ထက်သန်စွာ ဝိုင်းဝန်းဆောင်ရွက် နေကြသည့်   ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များမှ     ဝန်ထမ်းများ ကို    လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များကို   ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
တပ်မတော်သားများနှင့် လုံခြုံ ရေး       တပ်ဖွဲ့ဝင်များအတွက် စေတနာရှင်    အလှူရှင်များက ဂုဏ်ပြုပေးအပ်သည့်  အသင့်စား ခေါက်ဆွဲထုပ်၊      လက်ဖက်ထုပ်၊ ကော်ဖီမစ်ထုပ်၊      ဆေးပေါ့လိပ်၊ မြေပဲကြော်ထုပ်၊ နှစ်ပြန်ပဲကြော် ထုပ်၊       ငါးနီတူကြော်ထုပ်၊    ငါးပိ ထောင်းဘူး၊  Royal-D ဓာတ်ဆား ထုပ်  စသည့်  စုစုပေါင်းငွေကျပ် ၃၁၂ သိန်းကျော် တန်ဖိုးရှိ အစား အသောက်ကိုးမျိုးအပြင် စိတ်ဓာတ် ခွန်အား  နိုးကြားတက်ကြွစေရန်  “ကျန်းမာပါစေ၊   ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့်     တိုက်ပွဲတိုင်း အောင်မြင်ပါစေ၊ တရားသောစစ် အောင်မြင်ပါစေ”       စသည့် ဆုတောင်းမေတ္တာ  စာလွှာများကို လည်း ရေးသားထည့်သွင်းပေးပို့ ကြသည်။
မွန်းလွဲပိုင်းတွင်   တိုင်းဒေသ ကြီးဝန်ကြီးချုပ်သည်    အဆိုပါ စားသောက်ဖွယ်ရာ      များကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့  သွားရောက်    ပေးအပ်လှူဒါန်းရာ တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်း က လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး   ကျေးဇူးတင် စကား ပြောကြားသည်။
ထို့အတူ  ဩဂုတ် ၆ ရက်က ရှေ့တန်းရောက် တပ်မတော်သား များနှင့်    လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက်    မွန်ပြည်နယ်အတွင်းမှ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများ က    စာနာမှု၊   စေတနာ၊   မေတ္တာ အပြည့်ဖြင့်   စုပေါင်းချက်ပြုတ် ကြော်လှော်ကြပြီး    စားသောက် ဖွယ်ရာများ   ပေးပို့လှူဒါန်းနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့ရုံး   ရာမည ခန်းမ၌ ပြင်ဆင်ဆောင်ရွက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်      ဦးအောင် ကြည်သိန်း၊    အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး    ဗိုလ်ချုပ် ကျော်လင်းမောင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများက     ကြည့်ရှု အားပေးကြသည်။
ထို့နောက်    ပြည်နယ်ဝန်ကြီး ချုပ်က ရှေ့တန်းရောက်တပ်မတော် သားများနှင့်   လုံခြုံရေးတပ်ဖွဲ့ဝင် များအတွက်   စုစုပေါင်းတန်ဖိုး ငွေကျပ်  ၂၁၂၅၂၅၀ဝ တန်ဖိုးရှိ ငါးခြောက်ကြော်၊     ဗာလချောင် ကြော်၊     ငံပြာရည်ကြော်ဘူး၊ မားမားခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ တီးမစ်၊   ပဲနို့၊  လက်ဖက်၊  ပုစွန် ခြောက်၊   ငါးခြောက်၊  အမယ်စုံ၊  မုန့်မျိုးစုံနှင့်   အရေးပေါ်ဆေးဝါး များ    စသည်တို့ကို     ပေးအပ် လှူဒါန်းရာ   အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးက   လက်ခံ ရယူခဲ့သည်။
ထိုသို့ ရှေ့တန်းတွင် တိုက်ပွဲ ဝင်နေကြသည့် တပ်မတော်သား များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက်      လှူဒါန်းကြသည့် စားသောက်ဖွယ်ရာများနှင့်အတူ ဝန်ထမ်းမိသားစုများက “တရား သောစစ် အမြန်ဆုံး  အောင်မြင် ပါစေ။    တပ်မတော်သားများရဲ့ အောင်ပွဲဟာ   ပြည်သူ့အောင်ပွဲပါ။ တပ်မတော်သားများ စစ်မြေပြင်မှ အန္တရာယ်ကင်းရှင်းစွာ  အမြန်ဆုံး ပြန်လာနိုင်ပါစေ”          စသည့် ဆုတောင်း    မေတ္တာစာများကို လည်း ပေးပို့ခဲ့ကြကြောင်း  သိရ သည်။                     

သတင်းစဉ်