နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်

နေပြည်တော်   ဩဂုတ်   ၈
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို  စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက  စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ် လျက်ရှိသည်။
ထိုသို့  ပေးအပ်လျက်ရှိရာ  ဩဂုတ်လ  ၇  ရက် နှင့် ယနေ့တို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန  ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊   မြန်မာနိုင်ငံတော် ဗဟို ဘဏ်တို့မှ ဝန်ထမ်းမိသားစုများနှင့် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများနှင့်      စားသောက်ဖွယ်ရာ များ  ဂုဏ်ပြုပေးအပ်ခြင်းကို နေပြည်တော်တိုင်း စစ်ဌာနချုပ်ရှိ   ပေါင်းလောင်းရိပ်သာ၌   ပြုလုပ်ရာ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီး များ၊ ကော်မရှင်ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာန ချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌ၊  စေတနာရှင်  အလှူရှင်များ  တက်ရောက် ကြသည်။
ထိုသို့  ပေးအပ်လှူဒါန်းရာတွင်    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှ ဝန်ထမ်းမိသားစုများက ငွေကျပ်သိန်းတစ်ရာ နှင့်   ငွေကျပ်သိန်း     ခြောက်ဆယ်ကျော်တန်ဖိုးရှိ  စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစု များက    ငွေကျပ်လေးဆယ့်နှစ်သိန်းနှင့်     ငွေကျပ်  ငါးဆယ့်ခုနစ်သိန်းတန်ဖိုးရှိ စားသောက်ဖွယ်ရာများ ကိုလည်းကောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ ဝန်ထမ်းမိသားစုများက ငွေကျပ်လေးဆယ့် ခုနစ်သိန်းခြောက်သောင်းတန်ဖိုးရှိ      စားသောက် ဖွယ်ရာများကိုလည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟို ဘဏ်မှ ဝန်ထမ်းမိသားစုများက ငွေကျပ်သိန်းတစ်ရာ နှင့်     ငွေကျပ်သိန်းငါးဆယ်တန်ဖိုးရှိ     စားသောက်  ဖွယ်ရာများကိုလည်းကောင်း၊ ဗိုလ်လောင်းသင်တန်း  အမှတ်စဉ်(၉၉)ကျောင်းဆင်းအရာရှိမိသားစုများက ငွေကျပ်ကိုးဆယ့်ကိုးသိန်းတန်ဖိုးရှိ    စားသောက် ဖွယ်ရာများကို  လည်းကောင်း၊  မြန်မာ - ထိုင်း - စင်ကာပူ - အမေရိကန်ရောက် အမျိုးသားရေးညီအစ်ကို များက   ငွေကျပ်ခုနစ်ဆယ့်တစ်သိန်းကို    လည်း ကောင်း၊   ဘုန်းစံကျော်အောင်    ဆောက်လုပ်ရေး ကုမ္ပဏီမှ    မိသားစုများက    ငွေကျပ်သိန်းသုံးဆယ် တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို လည်းကောင်း လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူ များနှင့် အလှူရှင်များက တိုင်းမှူးထံ အသီးသီးဂုဏ်ပြု ပေးအပ်သည်။   ယင်းနောက်  တိုင်းမှူးက  ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။
အဆိုပါ စားသောက်ဖွယ်ရာများအား ရှေ့တန်း စစ်မျက်နှာအသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေး နှင့်  လုံခြုံရေးတာဝန်များကို   ရွပ်ရွပ်ချွံချွံ  တာဝန် ထမ်းလျက်ရှိသည့်      လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက်ပို့ဆောင်ပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။       သတင်းစဉ်