
ပုသိမ် ဩဂုတ် ၈
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးတင်မောင်ဝင်းသည် အပြည်ပြည်ဆိုင်ရာ လူငယ်များ နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်မည့် တိုင်းဒေသကြီး ကိုယ်စားပြု လူငယ်အဖွဲ့အား တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်ရာ တိုင်းဒေသကြီး လူငယ် ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီးက အပြည်ပြည် ဆိုင်ရာ လူငယ်များနေ့ အထိမ်း အမှတ် အခမ်းအနားသို့ တက်ရောက်မည့် အစီအစဉ်များ ကို ရှင်းလင်းတင်ပြကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး ကိုယ်စားပြု လူငယ်အဖွဲ့သည် လူငယ်များ၏ အခန်းကဏ္ဍကို ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်မည့်သူများ ဖြစ်၍ မိမိတို့၏ ကျရာကဏ္ဍတွင် ထဲထဲဝင်ဝင် ပါဝင်ဆွေးနွေးနိုင်ရန် နှင့် ဒေသအသီးသီးမှ လာရောက် သည့် လူငယ်ကိုယ်စားလှယ်အဖွဲ့ များနှင့် တွေ့ဆုံစဉ် မိမိတို့ တိုင်းဒေသကြီး၏ ဖြစ်ပေါ် တိုးတက်မှုများကိုလည်း အမြင် ချင်းဖလှယ် ဆွေးနွေးကြစေလို ကြောင်း အမှာစကားများ ပြော ကြားပြီး ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်သည်။
ဆက်လက်၍ မြေပြင် ကွင်းဆင်း စာရင်းကောက်ယူရေး လုပ်ငန်းနှင့် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ပြုလုပ် ရာ တိုင်းဒေသကြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့် သန်းခေါင် စာရင်းကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီး ချုပ်က လွတ်လပ်ပြီး တရား မျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပ နိုင်ရေးအတွက် အဓိကကျသည့် မဲစာရင်းမှန်ကန်ရေးနှင့် မဲပေး ပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုး နိုင်ငံသားကတ်ပြား ကိုင်ဆောင် မဲပေးခွင့်ရရှိရေးအတွက် ပန်းခင်း စီမံချက်များဖြင့် ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီးအနေဖြင့် ပန်းခင်း စီမံချက် (၁) နှင့် (၂) တို့ကို သတ်မှတ် ကာလအတွင်း လျာထားချက် ရာနှုန်းပြည့် ဆောင်ရွက်နိုင်ပြီး ပန်းခင်းစီမံချက် (၃) ကိုလည်း သတ်မှတ်ကာလအတွင်း ရာနှုန်း ပြည့်ပြီးစီးစေရေး တွန်းအားပေး ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းနှင့် ပတ်သက်ပြီး ပြည်သူ လူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိ စေရေးအတွက် အသိပညာပေး ဟောပြောပွဲများ၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း လုပ်ငန်း များ ဆောင်ရွက်ရန်၊ သန်းခေါင် စာရင်းသင်တန်းများ သတ်မှတ် ကာလအတွင်း ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထား ရှိရန်လိုကြောင်းနှင့် ဌာနဆိုင်ရာ များမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားကြရန် အမှာစကား ပြောကြားသည်။
ထို့နောက် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးက ပန်းခင်းစီမံချက် အဆင့် (၁/၂) ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ပန်းခင်းစီမံချက် အဆင့် (၃) ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ e-ID Server အတွင်းဆောင်ရွက် ရမည့် လုပ်ငန်းများ ဆောင်ရွက် ထားရှိမှု အခြေအနေ၊ e-ID စနစ် ဖြင့် Biometric ကောက်ယူပြီးစီး မှု၊ မဲစာရင်းမှန်ကန်စေရေး ဆောင်ရွက်ထားရှိမှု အခြေအနေ များနှင့် ၂၀၂၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်း ကောက်ယူရေးအတွက် အဆင့်ဆင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေ များကိုလည်းကောင်း၊ ခရိုင် အုပ်ချုပ်ရေးမှူးများက ပန်းခင်း စီမံချက်အဆင့် (၁၊ ၂၊ ၃) ဆောင်ရွက်ပြီးစီးမှုများ၊ e-ID Server အတွင်း ပြင်ဆင်၊ ဖြည့်စွက်ပြီးစီးမှု၊ မြေပြင် ကွင်းဆင်းကောက်ယူမှု အခြေ အနေများ၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်း ကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေ မှုများကို လည်းကောင်း ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က တင်ပြချက် များအပေါ် လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးမှာကြားကာ မြေပြင်ကွင်းဆင်း စာရင်း ကောက်ယူရေးလုပ်ငန်းနှင့် အိမ် အကြောင်းအရာနှင့် သန်းခေါင် စာရင်းကောက်ယူရေး လုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရ သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)