
ဘာလီ သြဂုတ် ၈
အင်ဒိုနီးရှားနိုင်ငံ ဘာလီအပန်း ဖြေကျွန်းအနီးတွင် ရေနံတင် သင်္ဘောတစ်စင်း သြဂုတ် ၇ ရက် က မီးလောင်ပေါက်ကွဲခဲ့သော ကြောင့် သင်္ဘောသားငါးဦး သေဆုံး ခဲ့ပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ သည်။
ဘာလီ အပန်းဖြေကျွန်းရှိ ကာရန်ဂါဆမ် ရဲစခန်းက အခင်း ဖြစ်ပွားချိန်တွင် အဆိုပါသင်္ဘော သည် ကန်နီဒါဆာရေပိုင်နက် တီပီကောင်ကျွန်း အနီးတွင် မောင်းနှင်လျက် ရှိကြောင်းနှင့် အနောက်နူဆာတန်ဂါရာပြည်နယ် သို့ ဦးတည်မောင်းနေခြင်း ဖြစ် ကြောင်း ပြောကြားခဲ့သည်။
ရေနံတင်သင်္ဘောသည် ဂီလီ တီပီကောင်ဒေသသို့ ဒေသစံတော် ချိန် နံနက် ၃ နာရီခန့်က ရောက်ရှိ လာချိန်တွင် ပေါက်ကွဲသံကြားခဲ့ရ ပြီး သင်္ဘောမှာ မီးများပြတ်တောက် သွားခဲ့သည်။
သင်္ဘာပေါ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အချို့မှာ မီးလောင် ခဲ့ကြောင်း ကာရန်ဂါဆမ် ရဲတပ်ဖွဲ့ ပြည်သူ့ဆက်ဆံရေး ဌာနမှူး စစ်ဆေးရေးအရာရှိ အစ်တူအီဂီဒီဆူဂါဒါနာက သတင်း စာရှင်းလင်းပွဲတွင် ပြောကြားခဲ့ သည်။
အင်ဂျင်နီယာခန်း မီးလောင် ပေါက်ကွဲပြီးနောက် သိပ်မကြာမီ ဒုတိယပေါက်ကွဲမှုတစ်ခု ထပ်မံ ဖြစ်ပွားခဲ့ကြောင်း ဆူဂါဒါနာက ပြောကြားခဲ့သည်။
သင်္ဘော မီးလောင်ပေါက်ကွဲ ရသည့် အကြောင်းရင်းကို စုံစမ်း စစ်ဆေးလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။
ဆင်ဟွာ