ပြင်ဦးလွင်မြို့နယ်ကို အကြမ်းဖက်သမားများက မကြာမီ တိုက်ခိုက်မည် ဆိုသော သတင်းများကြောင့် တပ်မတော်သားများ၏ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၏ မိသားစုဝင်များသည် ပြောင်းရွှေ့နေကြောင်း ကောလာဟလသတင်းများ ရေးသားဖြန့်ဝေ

နေပြည်တော်    ဩဂုတ်   ၈
မန္တလေးတိုင်းဒေသကြီး      ပြင်ဦးလွင် မြို့နယ်ကို    အကြမ်းဖက်သမားများက မကြာမီ တိုက်ခိုက်မည်ဆိုသော  သတင်း များကြောင့်     တပ်မတော်သားများ၏ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၏  မိသားစုဝင်များ သည် ပြောင်းရွှေ့နေကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက ကောလာဟလ သတင်းများ  ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါ သတင်းမှာ မှန်ကန်မှုမရှိသည့် ကောလာဟလသတင်းသာ ဖြစ်ကြောင်း သိရှိရပြီး    ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်၊   တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်း များ စိတ်ဓာတ်ကျဆင်းစေရန်၊ ဒေသခံ ပြည်သူများ  အထိတ်တလန့်ဖြစ်စေရန်နှင့် အကြောက်တရားလွှမ်းမိုးစေရန် ရည်ရွယ် ချက်ဖြင့် လုပ်ကြံရေးသား  ဝါဒဖြန့်နေခြင်း သာဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများနှင့်   ပူးပေါင်းကာ မြို့၊ ရွာ  လုံခြုံရေးအတွက်  စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက    မဟုတ်မမှန် လုပ်ကြံရေးသား        ဖြန့်ဝေနေသော ကောလာဟလ သတင်းများအား ပြည်သူ များ မယုံကြည်ကြရန်နှင့်  ယင်းမြို့တွင် ဌာနဆိုင်ရာ   ဝန်ထမ်းများနှင့်   ဒေသခံ ပြည်သူများမှာ ပုံမှန်သွားလာလျက်ရှိသလို ၎င်းသတင်းနှင့်ပတ်သက်၍ ပြင်ဦးလွင်မှ ဒေသခံတစ်ဦးထံ    ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့ရာ   “ကျွန်မကတော့ ပြင်ဦးလွင် ရပ်ကွက်ကြီး  (၁၉) ကပါ။ ပြင်ဦးလွင်မှာ ကတော့    အေးအေးချမ်းချမ်းပါပဲ။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက     မြို့လုံခြုံရေး ကို   စစ်ဆေးဆောင်ရွက်နေတာပဲ  ရှိပါ တယ်။   အားလုံးကတော့    အေးအေး ချမ်းချမ်းပါပဲ။    လိုင်းပေါ်က  သတင်းတွေ က ကောလာဟလတွေပဲ   ဖြစ်ပါတယ်။ အဲ့ဒါတွေကတော့      ပြင်ဦးလွင်မြို့ရဲ့ တည်ငြိမ်မှုကို ပျက်ပြားအောင်လုပ်နေတဲ့ ကောလာဟလတွေပဲ ဖြစ်ပါတယ်” ဟု ပြန်လည်ပြောကြားခဲ့သည်။ သတင်းစဉ်