
နတ်မောက် ဩဂုတ် ၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အပြည်ပြည် ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန ဘက်စုံသုံးခန်းမ၌ကျင်းပရာ မြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီး အရာရှိ ဒေါ်ဥမ္မာခင်က ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူများအား သတ်မှတ်ထားသည့် အမှတ်ပေး စည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
အဆိုပါပြိုင်ပွဲသို့ နတ်မောက်မြို့နယ် အတွင်းရှိ အမှတ်(၁)၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ အခြေခံပညာ အထက် တန်းကျောင်း (အောင်ဆန်း)၊ အခြေခံပညာ အလယ်တန်းကျောင်း (တမာပင်) တို့မှ ကျောင်းသား ကျောင်းသူ ၃၀ က “စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေး လူငယ်များရဲ့ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဖြင့် ဖော်ဆောင်ပေး” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဩဂုတ် ၁၂ ရက် တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ လူငယ် များနေ့အခမ်းအနားတွင် ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်သည်။
သိမ့်သိမ့်မိုး