ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီအစည်းအဝေး (၂/၂၀၂၄)ကျင်းပ

 

နေပြည်တော်   ဩဂုတ်  ၉  
ပဋိပက္ခအတွင်း   လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်   တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ  အမျိုးသားအဆင့်ကော်မတီအစည်းအဝေး (၂/၂၀၂၄)ကို ယနေ့မွန်းလွဲပိုင်းက  နေပြည်တော်ရှိ   လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပသည်။ (ယာပုံ)
အစည်းအဝေးသို့ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်   တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲ ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး  ဝန်ကြီး ဌာန၊   လူမှုဝန်ထမ်း၊   ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနတို့မှ  ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊  မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်    ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။  
အစည်းအဝေးတွင်   ပြည်ထောင်စုဝန်ကြီးက ပဋိပက္ခအတွင်း    လိင်ပိုင်းဆိုင်ရာ        အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်   တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို ရေးဆွဲ အကောင်အထည်ဖော်လျက်ရှိရာ၂၀၂၃ခုနှစ် နိုဝင်ဘာ ၁၀  ရက်မှစ၍    တတိယနှစ်သက်တမ်း    ရေးဆွဲခဲ့ ကြောင်း၊   စီမံချက်ကာလ    တတိယသက်တမ်း၏ ပထမ  ခြောက်လပတ်   အစီရင်ခံစာ  (မူကြမ်း)ကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ  ပေးပို့သည့်အချက် အလက်များကို  စုစည်းရေးသားခဲ့ပြီး   ၂၀၂၄    ခုနှစ် ဇွန်   ၁၁ ရက်တွင် ပြုလုပ်ခဲ့သည့် လုပ်ငန်းကော်မတီ အစည်းအဝေး  (၂/၂၀၂၄)   ဆုံးဖြတ်ချက်များအရ   ပြင်ဆင်ဖြည့်စွက်ကာ ယခုအစည်းအဝေးတွင် 2nd Draft အဖြစ် တင်ပြသွားမည်ဖြစ်သဖြင့် ဆွေးနွေးအတည်ပြုပေးရန်ဖြစ်ပါကြောင်း၊ တတိယသက်တမ်း ၏ ဒုတိယခြောက်လပတ်အစီရင်ခံစာကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလနောက်ဆုံးထား၍  အစီရင်ခံစာ  ထွက်ရှိ နိုင်ရေး    ဌာနအသီးသီး၏      အချက်အလက်များကို သတ်မှတ်ကာလအတွင်းပေးပို့ရန် လိုအပ်ပါကြောင်း၊ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်၏   တတိယနှစ် သက်တမ်းသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၀ ရက်တွင် ပြည့်မြောက်မည်ဖြစ်သဖြင့် စီမံချက်ကာလ စတုတ္ထ တစ်နှစ် သက်တမ်းတိုးနိုင်ရေးအတွက် ဆွေးနွေးပေး စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍    ပဋိပက္ခအတွင်း  လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု   တားဆီးကာကွယ်ရေးနှင့်   တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ အတွင်းရေးမှူး၊  လူမှုဝန်ထမ်းဦးစီးဌာန   ညွှန်ကြား ရေးမှူးချုပ်က ပြီးခဲ့သည့်အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄)၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ခဲ့မှု များ၊ ၂၀၂၄  ခုနှစ်  ဇွန်၁၆ ရက်တွင် ကျင်းပခဲ့သည့်   လုပ်ငန်းကော်မတီ   အစည်းအဝေး  (၂/၂၀၂၄)  ၏ ဆုံးဖြတ်ချက်များအပေါ်             အကောင်အထည်ဖော် ဆောင်ရွက်မှုများကို တင်ပြဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသူများက ပထမ ခြောက်လပတ်အစီရင်ခံစာ(မူကြမ်း)အပေါ်   အကြံပြု ဆွေးနွေးခြင်း၊ အတည်ပြုခြင်းနှင့်  စီမံချက်ကာလ စတုတ္ထသက်တမ်းတိုးရေးတို့ကို   ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက      နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်