မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဩဂုတ်   ၉
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်    ဦးကျော်စိုးနှင့်      ဒေါက်တာသန်းမြင့်တို့ ဦးဆောင်သောအဖွဲ့သည်   ယနေ့တွင်   ကော်မရှင် ဥပဒေ ပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ  ရန်ကုန် တိုင်းဒေသကြီး   မရမ်းကုန်းမြို့နယ်ရှိ   မသန်စွမ်း သက်ငယ်သင်တန်းကျောင်းကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ    သင်တန်းကျောင်းအတွင်း    လက်ခံ စောင့်ရှောက်သင်ကြားပေးလျက်ရှိသော မသန်စွမ်း ကလေးသူငယ်များကို ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ၊ အစားအစာကျွေးမွေးမှု၊  စာသင်ခန်း များထားရှိမှု၊ သန့်ရှင်းသော သောက်သုံးရေရရှိအောင် ဆောင်ရွက်ပေးနေမှု၊ မသန်စွမ်းကလေးငယ်များကို ကာယ၊ ဉာဏ၊ စာရိတ္တဖွံ့ဖြိုးတိုးတက်ရေး လေ့ကျင့် ပြုစုပေးနေမှုနှင့် ပညာဆက်လက်သင်ကြားနိုင်ရေး လေ့ကျင့်ဆောင်ရွက်ပေးနေမှု     အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြု ချက်များကို သင့်လျော်သကဲ့သို့  ဆောင်ရွက်ပေးနိုင်‌ ရေးအတွက် သက်ဆိုင်ရာဌာနသို့  ကော်မရှင်ဥပဒေ နှင့်အညီ   အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း  သိရ သည်။
သတင်းစဉ်