ယင်းမာပင်မြို့နယ် ထန်းတောကြီးကျေးရွာကို တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ လေးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သတင်းအမှားများ ဖြန့်ဝေလျက်ရှိ

 

နေပြည်တော်  ဩဂုတ်   ၉
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ထန်းတောကြီးကျေးရွာကို  ဩဂုတ်  ၇  ရက် တွင် တပ်မတော်မှလက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူလေးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သတင်းအမှား များကို  တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်     လုပ်ကြံရေးသားဝါဒဖြန့်ဝေ နေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင် ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ   လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ယင်းမာပင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး လုပ်ငန်းများကို  ပုံမှန်ဆောင်ရွက်လျက်ရှိပြီး လက်နက်ကြီးဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ် ခဲ့သည်ဆိုသည့်သတင်းမှာ      မှန်ကန်မှုမရှိ ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နယ်မြေလုံခြုံရေးဆောင်ရွက်မှုများကို PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက     အဝေးမှပစ်ခတ် တိုက်ခိုက်ခြင်းများ   မကြာခဏ လုပ်ဆောင်နေ ပြီး ၎င်းတို့ပစ်ခတ်သည့် အချို့လက်နက်ကြီး ကျည်များသည် ကျေးရွာများအတွင်း ကျရောက် ပေါက်ကွဲမှုများရှိခဲ့ကြောင်း သိရှိရသည်။
ယင်းဖြစ်စဉ်များကို တရားမဝင်ပြည်ဖျက် မီဒီယာများက တပ်မတော်အပေါ် ပြည်သူလူထု က အထင်အမြင်လွဲမှားစေရန်နှင့် ဒေသခံပြည်သူ များ ထိတ်လန့်ကြောက်ရွံ့စေရန် ရည်ရွယ်ချက် များဖြင့် လူမှုကွန်ရက်တွင်သတင်းအမှားများကို  ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။                       သတင်းစဉ်