ကျိုက်စကောအကျဉ်းထောင်တွင် အကျဉ်းသားများ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေကြောင်း သတင်းတု၊ သတင်းမှားများ ဖော်ပြလျက်ရှိ

 

နေပြည်တော်     ဩဂုတ်     ၉
ကျိုက်စကောအကျဉ်းထောင်တွင် အကျဉ်း သားများ ဝမ်းပျက်ဝမ်းလျှောရောဂါ  ဖြစ်ပွား နေကြောင်း DVB  TV    News   အမည်ခံ Facebook Page တွင် ဇူလိုင် ၃၁ ရက်က သတင်းတု၊ သတင်းမှားစွပ်စွဲရေးသား ဖော်ပြ ခဲ့ကြောင်း တွေ့ရှိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ စိစစ်ရာ အကျဉ်း ထောင်၊ အချုပ်ထောင်၊ စခန်းများတွင်  ရာသီ ဥတုအရ   ဖြစ်ပေါ်လာနိုင်သော   ဝမ်းပျက် ဝမ်းလျှောရောဂါများ   ဖြစ်ပွားမှုမရှိစေရန် ကျန်းမာရေးဝန်ကြီးဌာနနှင့်   ညွှန်ကြားရေးမှူး ချုပ်ရုံး၏      ညွှန်ကြားချက်များနှင့်အညီ အိပ်ဆောင်များအား    သန့်ရှင်းရေးစနစ်တကျ ပြုလုပ်ခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊    မိလ္လာ နေရာများကို ထုံးဖြူးခြင်း၊ သောက်ရေသန့်ကို သာ သောက်သုံးစေခြင်း၊ ပါဆယ်ပစ္စည်းများ ကို   လက်ခံရာတွင်လည်း   ကျန်းမာရေးနှင့် ညီညွတ်မှု ရှိ/မရှိ  စစ်ဆေးပြီးမှ လက်ခံပေး ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း တာဝန် ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ထို့ပြင်   ဒိုက်ဦး   ဗဟိုအကျဉ်းထောင်နှင့် ကျိုက်စကောစခန်းများရှိ    အကျဉ်းသား အကျဉ်းသူများအား   ဝမ်းပျက်ဝမ်းလျှောရောဂါ များ  ဖြစ်ပွားမှု ရှိ/မရှိ   အကျဉ်းထောင်ဆေးရုံ အုပ်က   ကျန်းမာရေးကြည့်ရှုစစ်ဆေးမှုများ   ပြုလုပ်ခဲ့ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွား သူမရှိဘဲ အကျဉ်းသားများ၏ ကျန်းမာရေး အတွက် အကျဉ်းထောင်ဆရာဝန်၏  ကျန်းမာ ရေးဝန်ထမ်းများက     တာဝန်ယူစောင့်ရှောက်   ကုသလျက်ရှိကာ လိုအပ်သောဆေးဝါးများကို ဌာနရန်ပုံငွေမှ ကျခံသုံးစွဲလျက်ရှိ၍ ဆေးဝါး ကုသပေးခြင်းအတွက် ငွေပေးရန်မလိုကြောင်း သိရသည်။
ထို့ကြောင့် DVB TV News အမည်ခံ  Facebook Page  က ဖော်ပြမှုသည်  ပြည်သူ အများ အထင်အမြင်လွဲမှားစေရန်နှင့် အကျဉ်း ထောင်၏  လုပ်ရိုးလုပ်စဉ် လုပ်ငန်းများကို    ထင်ယောင် ထင်မှားဖြစ်စေလိုသော ရည်ရွယ် ချက်ဖြင့်  မဟုတ်မမှန် လုပ်ကြံရေးသားထား ခြင်းသာဖြစ်ကြောင်း သိရသည်။
ကိုဖြိုး