
နေပြည်တော် ဩဂုတ် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) ရှိ အပြစ်မဲ့အရပ်သား ပြည်သူများအပေါ် MNDAA အကြမ်းဖက်သောင်းကျန်း သူများ၏ အကြမ်းဖက်လုပ်ရပ်များအား ကန့်ကွက် ရှုတ်ချဆန္ဒဖော်ထုတ်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက် မြို့တော်ခန်းမရှေ့တွင် မြန်မာ နိုင်ငံဟာသပညာရှင်များ အစည်းအရုံး(ဗဟို)မှ ဦးဆောင်၍ ပြုလုပ်သည်။
ဦးစွာ ကန့်ကွက်ရှုတ်ချ ဆန္ဒဖော်ထုတ်ပွဲသို့ တက်ရောက်လာကြသူများက “အပြစ်မဲ့အရပ်သား ပြည်သူများကို ရက်စက်စွာသတ်ဖြတ်ခဲ့သည့် MNDAA နှင့် ပူးပေါင်းအဖွဲ့များ၏ လူမဆန်သော ရက်စက်ယုတ်မာမှုများအား ကန့်ကွက်ရှုတ်ချပါ သည်”၊ “MNDAAနှင့် ပူးပေါင်းအဖွဲ့များ၏ အကြမ်း ဖက် သတ်ဖြတ်ခံရသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ အပြစ်မဲ့အရပ်သားပြည်သူများအတွက် ဝမ်းနည်း ကြေကွဲရပါသည်”၊ “MNDAA အကြမ်းဖက်အဖွဲ့က အပြစ်မဲ့အရပ်သားပြည်သူ ရာနှင့်ချီ၍ အစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့သော လူမဆန်သည့်လုပ်ရပ် အား ပြင်းထန်စွာကန့်ကွက်ရှုတ်ချသည်”၊ “တိုင်းပြည် နှင့်လူမျိုးအတွက် အသက်ခန္ဓာစွန့်၍ တိုက်ပွဲဝင်နေ ကြသော တပ်မတော်သား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား ဦးညွှတ်ဂုဏ်ပြုပါ သည်” စသည့်ဗီနိုင်းများ ကိုင်ဆောင်၍ သတ်မှတ် နေရာအသီးသီးတွင် နေရာယူကြသည်။
ဆက်လက်၍ MNDAA အကြမ်းဖက်သောင်းကျန်း သူအဖွဲ့မှ လားရှိုးမြို့ တပ်မတော်ဆေးရုံရှိ ဆရာဝန်၊ သူနာပြု၊ အရပ်သားပြည်သူများအပေါ် လူမဆန်သော ယုတ်မာမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ခြင်း၊ အကြမ်းဖက်နှိမ်နင်းရေး၊ အကြမ်းဖက်ဘေး အန္တရာယ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောဆိုခြင်း များကို ဆောင်ရွက်ကြသည်။
ထို့နောက် “ MNDAA နှင့် ပူးပေါင်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များ ချက်ချင်းရပ်၊ အပြစ်မဲ့အရပ် သားပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ သော MNDAA အကြမ်းဖက်အဖွဲ့အား အလိုမရှိ၊ အပြစ်မဲ့ပြည်သူများစွာကို ရက်စက်စွာသတ်ဖြတ်နေ သည့်အကြမ်းဖက်များ အလိုမရှိ၊ အကြမ်းဖက်အဖွဲ့ များကို အမြစ်ဖြတ်နှိမ်နင်းဆောင်ရွက်ပေးရေး ဒို့အရေး၊ ပြည်သူကိုသတ်ဖြတ်နေသည့် အကြမ်းဖက် အဖွဲ့များ ကျရှုံးပါစေ၊ မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့ ပြည်ဖျက်မိစ္ဆာတွေကို တိုက်ထုတ်ကြပါစို့ ” စသည့် ကြွေးကြော်သံများ ကြွေးကြော်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်၍ ကန့်ကွက်ရှုတ်ချခြင်းကို ရုတ်သိမ်းခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်