
ရာသီသစ်ပရီမီယာလိဂ် ကန့်လန့်ကာအဖွင့် ကွန်မြူနတီဒိုင်းလုပွဲကို ဩဂုတ် ၁၀ ရက်မှာ နာမည်ကြီး ဝင်ဘလေအားကစားကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားသွားတော့မှာ ဖြစ်ပါတယ်။ ဒီကွန်မြူနတီဒိုင်းလုပွဲကို ပြီးခဲ့တဲ့ရာသီက ပရီမီယာလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ မန်စီးတီးနဲ့ အက်ဖ်အေ ဖလားဆွတ်ခူးနိုင်ခဲ့တဲ့ မြို့ခံပြိုင်ဘက် မန်ယူအသင်းတို့ ယှဉ်ပြိုင်ကစားသွားရမှာပါ။
ဒီနှစ်မှာ (၁၀၂) ကြိမ်မြောက်အဖြစ် ကွန်မြူနတီဒိုင်းလုပွဲကို ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ ကွန်မြူနတီဒိုင်းလက်ရှိချန်ပီယံမှာ အာဆင်နယ်အသင်း ဖြစ်ပြီး ယမန်နှစ်ပြိုင်ပွဲ ပယ်နယ်တီအဆုံးအဖြတ်မှာ မန်စီးတီးအသင်းကို လေးဂိုး- တစ်ဂိုးနဲ့ နိုင်ပွဲရယူပြီး (၁၇) ကြိမ်မြောက် ဆွတ်ခူးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကွန်မြူနတီဒိုင်းကို မန်ယူအသင်းက (၂၁) ကြိမ်နဲ့ အများဆုံး ဆွတ်ခူးထားပါ တယ်။
မန်ယူအသင်းက ပြီးခဲ့တဲ့ လိဂ်ရာသီပိတ်သိမ်းချိန်မှာ အဆင့် (၈) နဲ့ ပိတ် သိမ်းနိုင်ခဲ့ပေမယ့် အက်ဖ်အေဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ မြို့ခံပြိုင်ဘက် မန်စီးတီး အသင်းကို အနိုင်ယူနိုင်ခဲ့တဲ့အတွက် ကွန်မြူနတီဒိုင်းလုပွဲကို ယှဉ်ပြိုင်ခွင့် ရရှိခဲ့ တဲ့အပြင် ဥရောပပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။
မန်ယူက ယခုပွဲစဉ်မတိုင်မီ ကစားခဲ့တဲ့ ရာသီအကြိုခြေစမ်းပွဲ ငါးပွဲမှာ နှစ်ပွဲသာ နိုင်ပွဲရရှိပြီး သုံးပွဲအထိ ရှုံးနိမ့်ထားတယ်။ ကစားသမားဝယ်ယူမှုမှာဆိုရင်လည်း လိုင်လီဗဟိုခံစစ်ကစားသမား ယိုယိုနဲ့ ဘိုလော့ဂ်နာတိုက်စစ်ကစားသမား ဇီဇီ တို့ကိုသာ ခေါ်ယူအားဖြည့်ထားတယ်။ သို့သော်ငြား ရာသီအကြိုခြေစမ်းပွဲတွေမှာ အသစ်ခေါ်ယူထားတဲ့ တိုက်စစ်ကစားသမား ဇီဇီ၊ ဟွိုက်လန်း၊ မက်ဂွိုင်းယားစတဲ့ အဓိက ကစားသမားတွေ ဒဏ်ရာအသီးသီးရရှိခဲ့လို့ ဒီပွဲစဉ်မှာ ပါဝင်ကစားဖို့ မသေ ချာဘူး။
ပြိုင်ဘက်မန်စီးတီးအသင်းက ယခုပွဲစဉ်မတိုင်မီကစားခဲ့တဲ့ ရာသီအကြိုခြေ စမ်းပွဲ လေးပွဲမှာ နှစ်ပွဲရှုံး၊ တစ်ပွဲသရေနဲ့ တစ်ပွဲသာ နိုင်ပွဲရရှိအောင် စွမ်းဆောင်ထား နိုင်တယ်။ ကစားသမားခေါ်ယူမှုမှာဆိုရင်လည်း အာဂျင်တီးနားကလပ် ရေးဗား ပလိတ်အသင်းမှ ကွင်းလယ်တိုက်စစ်ကစားသမား ကလောက်ဒီယို ဂျရီမီးစ်သာ ခေါ် ယူအားဖြည့်ထားသေးတယ်။ မန်စီးတီးအသင်းက ပြီးခဲ့တဲ့ ကွန်မြူနတီဒိုင်းလုပွဲမှာ အာဆင်နယ်အသင်းကို ရှုံးနိမ့်ထားတာကြောင့် ယခုပွဲစဉ်မှာ မန်ယူအသင်းကို နိုင်ပွဲရဖို့ အကောင်းဆုံး ပြင်ဆင်လာမှာပါ။ ဒါ့အပြင် မန်ယူကို နိုင်ပွဲရယူပြီး အက်ဖ်အေဖလား ဗိုလ်လုပွဲ ရှုံးကြွေးကိုလည်း ပြန်ဆပ်ဖို့ ကြိုးစားလာမှာပါ။
မည်သို့ပင်ဆိုစေ ကွန်မြူနတီဒိုင်းလုပွဲက ချန်ပီယံပြေးလမ်းမှာ အဓိကကျတဲ့ ခြေလှမ်းတစ်ခုအဖြစ်ရှိနေပြီး အားထားရတဲ့ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာမှာ ဖြစ်တာကြောင့် ယခင်ပြိုင်ပွဲတွေကထက် ပြိုင်ဆိုင်မှုပြင်းထန်လာမှာပါ။ ဒါကြောင့် ဘယ်အသင်းက ကွန်မြူနတီဒိုင်းဆွတ်ခူးပြီး အဖွင့်မျက်နှာပန်းလှသွားမလဲဆိုတာ လက်မလွှတ်တမ်းစောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။
မိုးဇက် - စုစည်းသည်